ကမ္ဘာကျော် ဘာမြူဒါတြိဂံဒေသမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့တဲ့ "Flight 19" အကြောင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့မှာ သဲလွန်စ တစ်စုံတစ်ရာမကျန်ရှိဘဲ ပျောက်ဆုံးခဲ့သော တော်ပီဒို ဗုံးကြဲလေယာဉ်ငါးစီးနှင့် လေယာဉ်မှူးတွေကို ရှာဖွေရန်သွားခဲ့တဲ့ Flight 19 ဟာ ထပ်မံပျောက်ကွယ်သွားခဲ့တာပါ။ ထိုပျောက်ဆုံးခဲ့တဲ့ ဗုံးကြဲလေယာဉ်ငါးစီးမှာ လေယာဉ်အမှူထမ်း ၁၄ဦးပါရှိခဲ့ပြီး ကယ်ဆယ်ရေး လေယာဉ် Flight 19 မှာ လူ ၁၃ဦးလိုက်ပါခဲ့တာပါ။

photo credit pngtree

ဗုံးကြဲလေယာဉ်တွေ ဘာမြူဒါတြိဂံဒေသသို့ရောက်ရှိလာချိန်မှာ လမ်းညွှန်ဒိုင်ခွက်များဟာ လှုပ်ရှားမှုမရှိတော့ဘဲ ရပ်တံ့ခဲ့ကာ လေယာဉ်များက လောင်စာဆီပြတ်သွားပြီဖြစ်ကြောင်း နောက်ဆုံးသတင်းပေးပို့မှုကို ရရှိခဲ့ပါတယ်။ လေယာဉ်ငါးစီးလုံးဟာ အကျပ်အတည်းနှင့်ရင်ဆိုင်ခဲ့ကြရပြီး ပင်လယ်တွင်းသို့ဆင်းရန်မှ လွဲပြီး အခြားနည်းလမ်းမရှိတာကြောင့် လေယာဉ်အားလုံး ပင်လယ်တွင်းသို့ ဆင်းခဲ့ကြရတာပါ။ ထိုအချိန်ဟာ နေဝင်ချိန်ဖြစ်ပြီး ရာသီဥတုအခြေအနေက ဆိုးရွားနေပါတယ်။

photo credit pngtree

ည ၇ နာရီ ၂၇ မိနစ်မှာ ထိုလေယာဉ်တွေကို ကယ်ဆယ်ရန် Flight 19ဟာ ကွင်းမှ ပျံသန်းသွားခဲ့ပြီး နောက်ပိုင်းမှာတော့ သတင်းအစအန တစ်ခုမှတောင် မရခဲ့ပါဘူး။ ထိုအချိန်မှာအနီးရှိ လောင်စာဆီတင် သင်္ဘောက ပေါက်ကွဲသံတစ်ခုကိုကြားရပြီး ပေ ၁၀၀ မြင့်တဲ့ မီးတောက်များကို အနည်းဆုံး ၁၀ မိနစ်ခန့်တွေ့မြင်ခဲ့ရတယ်ဆိုပါတယ်။ သို့သော်လည်း လေယာဉ်အပျက်အစီး တစ်စုံတစ်ရာကို ထူးဆန်းစွာနဲ့ပဲ လုံးဝရှာမတွေ့ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။