ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Sinon Loresca ကတော့ Cat Walk King အဖြစ် ကမ္ဘာကျော်ကာ အောင်မြင်နေသူပဲ ဖြစ်ပါတယ် ။ Sinon က ကြင်နာတဲ့စိတ်သဘောထားရှိပြီး အများကိုကူညီပေးလေ့ရှိကြောင်းကိုလည်း သူ့ရဲ့အပြုအမူလေးတွေနဲ့ လုပ်ရပ်တွေက သက်သေပြလို့နေတာ ဖြစ်ပါတယ် ။ အခုဆိုရင် Sinon က မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ပါ ရင်းနှီးမှုရရှိနေပြီး လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။

Photo Credit- Sinon Loresca's FB Page
Photo Credit- Sinon Loresca's FB Page
Photo Credit- Sinon Loresca's FB Page

လက်ရှိမှာတော့ Sinon က မြန်မာနိုင်ငံမှာနေပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့ပါ ခင်မင်ရင်းနှီးနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း Sinon က ပရိသတ်အချစ်တော် မင်းသားချော ပိုင်တံခွန်နဲ့အတူ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ် ။ Sinon ကတော့ ပိုင်တံခွန်နဲ့တွေ့ဆုံရတာကို ပျော်ရွှင်နေတာဖြစ်ပြီး အမှတ်တရရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို မျှဝေထားသေးတာ ဖြစ်ပါတယ် ။

Photo Credit- Sinon Loresca's FB Page
Photo Credit- Sinon Loresca's FB Page
Photo Credit- Sinon Loresca's FB Page

Sinon က သူ့ကိုလာနှုတ်ဆက်တဲ့ ပိုင်တံခွန်ကို ဝမ်းသာအားရနဲ့ ခဏခဏပွေ့ဖက်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Sinon က မုန့်စားနေတဲ့အချိန်မှာလည်း ပိုင်တံခွန်က သူ့ကိုလှမ်းကြည့်လိုက်လို့ ရှက်ပြုံးလေးပြုံးကာ ရယ်မောနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Sinon နဲ့ ပိုင်တံခွန်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Sinon Loresca's FB Page

Photo Credit- Sinon Loresca's FB Page
Photo Credit- Sinon Loresca's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။