စကားသံဝဲဝဲလေးနဲ့ ပရိသတ်တွေ ယနေ့ချိန်ထိ ချစ်ခင်အားပေးနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခြင်းမရှိတော့ဘဲ ကြော်ငြာလေးတွေသာ တစ်ခါတစ်ရံ ရိုက်ကူးပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာဟာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

Photo Crd- Thinzar Nwe Win’s Facebook Page
Photo Crd- Thinzar Nwe Win’s Facebook Page
Photo Crd- Thinzar Nwe Win’s Facebook Page

သူမရဲ့ ကလေးနှစ်ယောက်ဟာလည်း အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ သဉ္ဇာကတော့ အိမ်မှာနေရင်း ကလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ မိသားစု လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဝေမျှပေးတတ်ပြီး ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd- Thinzar Nwe Win’s Facebook Page
Photo Crd- Thinzar Nwe Win’s Facebook Page
Photo Crd- Thinzar Nwe Win’s Facebook Page

အခုမှာလည်း သဉ္ဇာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သေးသွယ်တဲ့ကိုယ်လုံးလေးကရင်ခုန်စရာကောင်းလွန်းနေပြီး ရေကူးကန်ထက်မှာ ညို့အားပြင်းစွာ လှနေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ ပုံရိပ်လေးတွေပါ တင်ထားတာပဲဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလေးဟာလည်း ကလေးအမေလို့ ထင်ရက်စရာ မရှိလောက်အောင်ကို သေးသွယ်ပြီး လှပနေလွန်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thinzar Nwe Win’s Facebook Page 

Photo Crd- Thinzar Nwe Win’s Facebook Page
Photo Crd- Thinzar Nwe Win’s Facebook Page
Photo Crd- Thinzar Nwe Win’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။