မင်းသားချော အောင်ရဲလင်းကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်လို့ ဆိုရလောက်အောင် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံထားရတာ ဖြစ်ပါတယ် ။ အောင်ရဲလင်းက ကျစ်လစ်တောင့်တင်းတဲ့ဗလနဲ့ ယောက်ျားပီသသလို ရုပ်ရည်ရူပါကလည်း ချောမောခန့်ညားနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အောင်ရဲလင်းက အမြဲတမ်းဖက်ရှင်ကျကျ ဝတ်ဆင်ပြီး စတိုင်ကျနေတတ်တာ ဖြစ်ပါတယ် ။

Photo Credit-Aung Ye Lin's FB Acc
Photo Credit-Hlaing Banyar
Photo Credit-Hlaing Banyar

အောင်ရဲလင်းက အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်နေသူဖြစ်ပြီး လက်ရှိကာလမှာလည်း ကြော်ငြာတွေ အဆက်မပြတ်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ မနေ့ကလည်း အောင်ရဲလင်းက Photo Shooting ရိုက်ကူးရေးလေးတစ်ခု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ အောင်ရဲလင်းကတော့ ရိုက်ကူးရေးလုပ်နေရင်း စတိုင်အပြည့်နဲ့ ခပ်မိုက်မိုက်လေး ကပြခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-Hlaing Banyar
Photo Credit-Hlaing Banyar
Photo Credit-Pyae Phyo Aung

အောင်ရဲလင်းက မျက်မှန်တစ်လက်နဲ့ အရမ်းကိုအထာကျနေပြီး အမိုက်စားကကွက်လေးတွေနဲ့ အပီအပြင်ဒွန့်ပြလိုက်တာ ဖြစ်ပါတယ် ။ သီချင်းတီးလုံးလေးအတိုင်း လိုက်ပါစီးမြောရင်း အားရပါးရကနေတဲ့ အောင်ရဲလင်းကတော့ တကယ့်ကိုကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော အောင်ရဲလင်းရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-deep ayl's IG Story

Photo Credit-Aung Ye Lin's FB Acc
Photo Credit-Hlaing Banyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။