တစ်ချိန်က ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။

photo credit: စမိုင်းလ် Smile 's facebook page
photo credit: စမိုင်းလ် Smile 's facebook page

သူမကတော့ " နှစ်ဖက်သောမိဘများအားအမှူးထား၍အောင်ဇမ္ဗူဆရာတော်ဘုရားရဲ့ ပြင်ဦးလွင်မြို့မှာဆောက်လုပ်မဲ့ နှစ်ထပ်ကျောင်းဆောင်သစ်အတွက် သိန်း ၁၅၀၀ နှင့် သစ်တံခါးဆရာတော်ဘုရား၏ ၃ထပ်ကျောင်းဆောင်အတွက် သိန်း ၁၅၀၀ စုစုပေါင်း သိန်း ၃၀၀၀ လှူဒါန်းကုသိုလ်ပြု " ဆိုပြီး မိသားစုနဲ့ အတူ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: စမိုင်းလ် Smile 's facebook page
photo credit: စမိုင်းလ် Smile 's facebook page
photo credit: စမိုင်းလ် Smile 's facebook page

သူမကတော့ အောင်ဇမ္ဗူဆရာတော်ဘုရားရဲ့ ပြင်ဦးလွင်မြို့မှာဆောက်လုပ်မဲ့ ကျောင်းဆောင်သစ်အတွက် ကျပ်သိန်းပေါင်း၃၀၀၀ကို ရက်ရက်ရောရောလှူဒါန်းခဲ့ပါတယ်။ သူမတို့ မိသားစုလေးရဲ့ အလှူအတန်းတွေပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းလ်တို့ မိသားစုလေးရဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: စမိုင်းလ် Smile 's facebook page

photo credit: စမိုင်းလ် Smile 's facebook page
photo credit: စမိုင်းလ် Smile 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။