ပရိသတ်ကြီးရေ တက်သစ်စမင်းသားချောလေး ကျော်ထက်ဇော် ကတော့ ပရိသတ်တွေအားပေးဝန်ရံခြင်းကြောင့် အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပါပြီးနော်။ ကျော်ထက်ဇော် ဟာ အဝတ်စားဝတ်ဆင်ရာမှာလည်း စမတ်ကျကျ ဝတ်ဆင်တက်ပြီး နဲ့ တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ က ဝန်းရံခံနေရသူလေးပဲဖြစ်ပါတယ်။ လတ်ရှိမှာတော ကျော်ထက်ဇော် က ကြော်ငြာ်တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးကလည်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့ ဇာတ်လမ်းကောင်းလေးဆိုရင်လည်း မမှားပါဘူးနော်..။ ဒီဇာတ်လမ်းတွဲလေးကတော့ ထုတ်လွှင်ပြသလို့ပြီးဆုံးသွားပေးမယ့် ကျော်ထက်ဇော် က ပရိသတ်တွေ အလွမ်းပြေအောင် အမှတ်တရပုံလေးတွေကို ဖော်ပြပေးတာကို တွေရပါတယ်။ ယခုတစ်ခါမှာတော့ မင်းသားချောလေး ကျော်ထက်ဇော်က ပရိသတ်တွေက ပေးတဲ့ အမှတ်တရ လက်ဆောင်လေးတစ်ခုကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ဒီလက်ဆောင်လေးတွေထဲမှာလည်း " အချစ်ဖွဲ့လေညင်း "ဇာတ်လမ်းတွဲလေးထဲက ဆရာလေးရောင်နီ ရဲ့ ပုံရိပ်လေးတွေကို အမှတ်တရအနေဖြင့် ကျောက်ကလေးတွေနဲ့ စီချယ်ထားတဲ့ ပန်းချီကားလေးပါ အပါအဝင် ဇော်ဂျီပန်းချီကားတစ်ချပ်လည်းတွေ့ရပါတယ်နော်..။ ဒီ ပန်းချီကားလေးတွေကို မင်းသား ကျော်ထက်ဇော်က အမြတ်တနိုးတဲ့ သိမ်းထားပြီး ပန်းချီကားအမှတ်တရပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားပြောကြားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အမှတ်တရလက်ဆောင်ရထားတဲ့ မင်းသားကျော်ထက်ဇော် ရဲ့ ပန်းချီကားလေးတွေကို ကြည့်ရှုလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။