ပရိသတ်ကြီးရေ မင်းသမီး အေးမြတ်သူ ကတော့ သွယ်လျကျစ်လျစ်တဲ့ body လေးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသတွေရဲ့ အားပေးဝန်ရံနေရတာဖြစ်ပါတယ်။ အေးမြတ်သူ ဟာ အနုပညာလောကထဲကို မော်လ်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး ယခုဆိုရင် ကြိုးစားအားထုတ်မှုတွေကြောင့်လည်း နေရာတစ်နေရာကို အခိုင်မာရရှိထားခဲ့ပြီလည်း ဖြစ်ပါတယ်။သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ အကောင်းဆုံးသရုပ်နိုင်တာကြောင့် လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတာဖြစ်ပါ။

Photo Credit - Khun Sai
Photo Credit - Khun Sai

အေးမြတ်သူ ကတော့ ယနေ့ အချိန်ထိအိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အရပ်ရှည် စမက်ကျလွန်တာကြောင့် ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဆန်ဆန်ဝတ်စုံလေးတွေအပြင် ခေတ်ဆန်တဲ့ ဖက်ရှင်ဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်မှုရှိအောင်ဝတ်ဆင်တက်တာကို တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ပရိသတ်တွေ ငေးမောသွားစေလောက်မယ့် ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ပါတယ်နော်..။

Photo Credit - Khun Sai
Photo Credit - Khun Sai

ဒီပုံရိပ်လေးတွေထဲမှာတော့ မင်းသမီး အေးမြတ်သူ က စွဲမက်စရာကောင်းလောက်အောင် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးတွေကို ဝတ်ထားပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အိုက်တင်လေးတွေနဲ့ ဖမ်းစားထားတဲ့ အမိုက်စားပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မင်းသမီး အေးမြတ်သူ က " ကော်ဖီ ၁ခွက်နှင့်.... ဖောရိန်းသို့ခေတ္တခဏ အလည်သွားခြင်း ချစ်သူ.... ကို ချစ်လွန်းလို့ ချစ်သူ ချစ်တဲ့ကော်ဖီ ကို ကိုယ်စွဲလမ်းစပြုလာပြီ" ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းပြီး ချစ်စရာကောင်းနေတဲ့ အေးမြတ်သူ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြလေးလိုက်ပါတယ်။

Photo Credit - Khun Sai
Photo Credit - Khun Sai

Photo Credit - Khun Sai

Source - Aye Myat Thu's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။