ပရိသတ်ကြီးရေ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အနုပညာလောကထဲမှာ အချိန်အတော်ကြာရပ်တည်နေပြီး ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသားချော ဘုန်းလျှံပဲဖြစ်ပါတယ်။ ဘုန်းလျှံက ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ကာ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းတာဖြစ်ပြီး မကြာသေးမီအချိန်ကမှ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ သူပါ။ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဘုန်းလျှံက အကြမ်းအနု ကာရိုက်တာပေါင်းစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ပါနော်.......။

Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account

လိမ္မာရေးခြားရှိပြီး လူကြီးမိဘတွေအပေါ်သိတက်တဲ့ ဘုန်းလျှံကို ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ယောကျာ်းပီသပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးတွေကြောင့် ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း အပြည်အဝရရှိထားတဲ့ သူပါနော်။ လတ်တလောမှာတော့ ဘုန်းလျှံက ရရှိတဲ့ အနုပညာငွေကြေးလေးတွေနဲ့ အနုပညာရှင်ညီအကို မောင်နှမတွေ စုပေါင်းကာ တက်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်.....။

Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account

ယနေ့မှာတော့ မင်းသားချောလေး ဘုန်းလျှံက သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ ငွေကြေးအရမဟုတ်ပဲ မွန်မြတ်တဲ့ သွေးအလှူဒါနလေးကို ဘုန်းလျှံက သီလရှင်ဆရာလေးတပါးကို လှူဒါန်းခဲ့တာပါ။ သွေးလှူဒါန်းနေတဲ့ ဘုန်းလျှံရဲ့ ပုံရိပ်လေးတွေအပြင် " အရေးပေါ်သွေးလို.လို့ဆရာလေးတပါးကိုသွေးသားနဲ့လှုဒါန်းကာကုသိုလ်ပြုခဲ့ပါတယ်ဗျ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...........။

Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account
Photo credit - Bhone Hlan's FB account

Source & Photo credit - Bhone Hlan's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။