ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ နာမည်ကျော် လူသိများတဲ့ စိန်ပြတိုက်ကြီးတွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုပြတိုက်ကြီးတွေရဲ့ နာမည်ကတော့ " Diamond Museum Amsterdam" နှင့် "Harry Oppenheimer Diamond Museum" အစရှိတာတွေပဲ ဖြစ်ပါတယ်။ ထိုပြကြီးတွေအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့လယ်မှာတည်ရှိတဲ့ "Diamond Museum Amsterdam" ပြတိုက်ကြီးဟာဆိုရင် ၂၀၀၇ ခုနှစ်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ထိုပြတိုက်ကြီးဟာ စိန်ထည်ပစ္စည်းတွေကို အဓိကပြသတဲ့ ပြတိုက်ဖြစ်ပါတယ်။ ပြတိုက်မှာ ကြီးမား များပြားတဲ့ ကျောက်မျက် ရတနာတွေကို စုဆောင်းထားပြီး စိန်များရဲ့ နောက်ခံနှင့် စိန်ထုတ်လုပ်မှု သမိုင်းကို ကျယ်ပြန့်စွာ ပြသထားတာပါ။ ပြသထားသော စိန်များအနက် "Katana" စိန်တုံး၊ "Rembrant" စိန်တုံး နှင့် မျောက်ဝံတစ်ကောင်ရဲ့ ဦးခွံတို့ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။

photo credit pngtree

နောက်ထပ် စိန်ပြတိုက်ကြီးကတော့ အစ္စရေးနိုင်ငံမှာရှိတဲ့ "Harry Oppenheimer"ပဲ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ မြို့တော် စိန်အရောင်း အဝယ် ဗဟိုဌာနမှာ ၁၉၈၆ ခုနှစ်က ဖွင့်လှစ်ခဲ့တာပါ။ ပြတိုက်မှာ စိန်အရိုင်းတုံးများ၊ သွေးပြီးစိန်တွေနှင့် အလွန်ရှားပါးသော ကျောက်များအပါအဝင် အခြားကျောက်မျက်များကို ပြသထားတာပါ။ ထိုကျောက်များ ထုတ်လုပ်ခဲ့တဲ့ မတူညီသော ထုတ်လုပ်မှု သမိုင်းကြောင်း၊ ကျောက်သွေးပုံ အဆင့်ဆင့်နှင့် စိန်များအရောင်တင်ပုံ၊ စက်မှုလုပ်ငန်းများမှာ စိန်များကို အသုံးပြုပုံစတာတွေကို ပြသထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။