ချစ်ပရိသတ်ကြီးရေ လတ်တလောနှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေသူလေး ထက်အောင်ရှိုင်းကို အထူးတလည်မိတ်ဆက်စရာမလိုဘူးထင်ပါတယ်နော်။တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ရယ်ပြုံးလိုက်တိုင်ပေါ်လာတဲ့ ပါးချိုင့်လေးကြောင့် ကောင်မလေးတွေအဓိကကြွေနေရတာဆိုလည်းမမှားပါဘူးနော်။ဖက်ရှင်ပိုင်းမှာလည်း အမြဲဒီဇိုင်းဆန်းတွေနဲ့ အထာကျကျ ခန့်ညားစွာဝတ်ဆင်တတ်သူလေးလည်းဖြစ်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

သူကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို အမြဲဖော်ပြလေ့ရှိသူလေးလည်းဖြစ်ပါတယ်။ခုနောက်ပိုင်းမှာတော့ tik tok လေးတွေအပျော်ဆော့ကာ ပရိသတ်တွေ ရယ်မောပျော်ရွှင်စေရန် မကြာခဏတင်ပေးနေတာလည်းတွေ့ရပါတယ်။ လတ်တလောမှာလည်း အခါခါပြန်ကြည့်တိုင်း အူတက်ရယ်နေရလောက်အောင် အခွီလေးတွေပြောကာ မျက်နှာပြောင်ထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

ဗီဒီယိုလေးထဲမှာ နှစ်ယောက်လုံး အရမ်းချစ်ဖို့ကောင်းသလိုရယ်နေရတာလည်းဖြစ်ပါတယ်။ထက်အောင်ရှိုင်းကတော့ အမြဲပျော်ပျော်နေတက်သူလေးဖြစ်ရာ သူငယ်ချင်းတွေကို ဆေးထိုးစနောက်တတ်သူလေးလည်းဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးတွက် ထက်အောင်ရှိုင်းရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ထက်အောင်ရှိုင်းလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

Source & Photo Credit  : Htet Aung Shine Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။