ပရိသတ်ကြီးအားလုံးပဲသိကြတဲ့အတိုင်း League Of Legends: Wild Rift ဟာဆိုရင်လဲ ယခုအချိန်‌မှာတော်တော်လေးကို ခေတ်ထနေပါတယ်။ MOBA လောကမှာလဲ နေရာတစ်ခုနဲ့အတူ အောင်မြင်စွာရပ်တည်နေတဲ့ Mobile Legends ကိုလဲ ပရိသတ်ကြီး အားလုံးသိကြမှာပါ။ အဲ့ဒါကြောင့် LOL နဲ့ MLBB မှာ ဘယ်ဂိမ်းက ပိုကောင်းမလဲဆိုတာထက် ဘာတွေမတူဘူးလဲဆို‌တာကို အခုဖော်ပြသွားမှာဖြစ်ပါတယ်။

Champion တိုင်းအတွက် ကိုယ်စီလမ်းလုပ်ပေးထားခြင်း

LOL Wild Rift မှာဆိုရင် လမ်းလေးခု ခွဲခြားထားပါတယ်။ အာ့တွေကတော့ Mid Lane, Baron Lane, Dragon Lane နဲ့ Jungle Lane တို့ပဲဖြစ်ပါတယ်။ Championတွေက ကိုယ့်အမျိုးအစားနဲ့ကိုယ် လမ်းကိုယ်စီသွားရမှာဖြစ်ပါတယ်။ သူတို့ကိုလဲ Hero လို့မခေါ်ပဲ Champion လို့ခေါ်ပါတယ်။ MLBB မှာဆိုရင်တော့ဖြင့် Player တွေကိုယ်တိုင်ပဲ သွားရမယ့်လမ်းကို ဖောက်လိုက်တာဖြစ်ပါတယ်။ ကြိုက်တဲ့လမ်းသွားပြီး Farmလို့ရပေမယ့် LOL : WRမှာဆိုရင်တော့ လမ်းမှားသွားရင် ရှုံးနိုင်ပါတယ်။

Runes VS Emblems

LOL : WR မှာဆိုရင်တော့ဖြင့် ဂိမ်းမစခင်မှာ ကိုယ်ကိုင်ထားတဲ့ Championတွေအတွက် လိုက်ဖက်မယ့် Runes Page တစ်ခုရှိပါတယ်။ အဲ့ဒီမှာ ကိုယ့် Champion နဲ့လိုက်ဖက်မယ့်ဟာတွေကို ရွှေးယူရပါမယ်။ အဲ့ Runes တွေကတော့ Upgrade လုပ်ဖို့မလိုပဲ Player အားလုံးအတွက် Freeပါ။ MLBBမှာကတော့ Emblem Set ရှိပြီး Upgradeလုပ်ရပါတယ်။ အဲ့ဒီအခါမှာ Emblemမြင့်တဲ့သူနဲ့ နိမ့်တဲ့သူ 1 Vs 1 ခုတ်တဲ့အခါကျ ပေါ်လွင်လာပါတယ်။ အာ့ကြောင့် Rune တွေကတော့ အဲ့လိုမ‌‌ျိုးမရှိတာကြောင့် ရန်သူနဲ့ တန်တူပါပဲ။ 

သတင်းအရင်းမြစ် Atomic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။