ပရိသတ်ကြီးအာလုံးသိကြတဲ့အတိုင်း Captionမှာဖော်ပြထားတဲ့ဂိမ်းနှစ်ခုဟာ ကိုယ်နေရာနဲ့ကိုယ် အောင်မြင်နေကြတဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ခုမှာဆိုရင်တော့ PUBG : Mobileကအရင်ထွက်တာဆိုတော့ Mobile သမားတွေအတွက် နောက်မှထွက်တဲ့ Call Of Duty : Mobile ကိုဆော့ကစားကြတာ အကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် မြန်မာတစ်ခုပဲ အဲ့လိုဖြစ်တာပါ။ သူတို့ရဲ့မတူညီမှုလေးကိုလဲ အောက်မှာဖော်ပြထားပါတယ်။

Game Modes

Call Of Duty Mobileမှာဆိုရင် Multiplayer Game Modesတွေကတော်တော်များများကိုပါ၀င်ပါတယ်။ တချို့ဆို Seasonအလိုက်ရှိပြီး တချို့ကတော့ အမြဲတမ်းရှိနေကြတဲ့ Mode တွေဖြစ်ပါတယ်။ Mode တွေကတော့ Deathmatch, Free-for-all, Domination, Frontline နဲ့ Search and Destroy အစရှိတဲ့ Modeတွေပဲဖြစ်ကာ ခုဆို ပိုလို‌့တောင်များလာပါသေးတယ်။ အဲ့အပြင် ‌ဆော့မကစားခင်မှာ ကိုယ်ကြိုက်တဲ့ Scorestreaks ၃ခုကိုယူလို့ရပြီး ကိုယ်ခွဲထားတဲ့ Classic ၅ မျိုးထဲကနေ တစ်ယောက်ကိုရွှေးချယ်ဆော့ကစားလို့ရပါတယ်။ PUBG Mobileမှာလဲ Modeတွေရှိပေမယ့် COD Mobileလောက်ဆော့မကောင်းပါဘူး။ Battle Royal Mode မှာဆိုရင်တော့ PUBGမှာ Mapပိုများပြီး CODမှာကတော့ Map တစ်ခုပဲပါပါတယ်။ ဒါပေမယ့် COD မှာကြိုက်နှစ်သက်တဲ့ Abilityယူပြီး ဆော့ကစားလို့ရပါတယ်။

Game Play

COD Mobileမှာဆိုရင် Multiplayer Mode ဂိမ်းမစခင်မှာ ကိုယ်တိုင်စိတ်တိုင်းကျ Class ကိုရွှေးချယ်ပြုလုပ်နိုင်ပါတယ်။ PUBG မှာတော့အဲ့လိုမျိုးမရှိပါဘူး။ ဂိမ်းထဲမှာတော့ ပစ်တာခတ်တာ ရွှေ့လျားတာတွေကအတူတူပါပဲ။ သို့သော်PUBG မှာ သေနတ်ပစ်တဲ့အခါ ကိုယ်ကိုတိုင် ပစ်တဲ့ခလုတ်ကို နှိပ်ရပါတယ်။ COD မှာကြတော့ ပစ်တဲ့ပုံစံနှစ်ခုပါပါတယ်။ အခုမှစဆော့တဲ့သူတွေအဆင်‌ေပြ‌ေစဖိာ့အတွက် ရန်သူကိုချိန်လိုက်တဲ့အခါ Auto ပစ်တဲ့စနစ်ပါလာပါတယ်။နောက်တစ်ခုပစ်တဲ့ပုံစံကတော့ အတူတူပါပဲ။ 

သတင်းအရင်းမြစ် Atomic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။