ချစ်ပရိသတ်ကြီးရေ....နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးလျက်ရှိတဲ့ ပိုင်အုပ်စိုးအောင်ကတော့ ယခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်ရောက် ကိုးရီးယားမင်းသားတစ်ယောက်လို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတဲ့ ပိုင်အုပ်စိုးအောင်ကတော့ ကောင်မလေးတွေအများဆုံးဝန်းရဲံအားပေးခံနေရသူလေးဖြစ်ပါတယ်။

Photo Credit : KanbawzaPusue
Photo Credit : KanbawzaPusue

ဖြူဥတဲ့ အသားရည်လေးကိုပိုင်ဆိုင်ထားတဲ့ ပိုင်အုပ်စိုးအောင်က တစ်မူထူးခြားစွာ ဆွဲဆောင်မှုရှိနေတဲ့ ကိုလူချောလေးလည်း ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်အုပ်စိုးအောင်ကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆယ်ကျော်သက် ကောင်မလေးတွေကြွေသွားရလောက်အောင် အထာကျကျဖက်ရှင်လေးနဲ့ ပေါ့ပေါ့ပါးပါးရိုက်ထားတဲ့ ဖက်ရှင်ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : KanbawzaPusue
Photo Credit : KanbawzaPusue

ပုံလေးတွေထဲမှာ အရမ်းချစ်ဖို့ကောင်းလွန်းပြီး ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေနေတာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်အုပ်စိုးအောင်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးတွက် ပိုင်အုပ်စိုးအောင်ရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : KanbawzaPusue
Photo Credit : KanbawzaPusue

Source : Paing Oak Soe Aung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။