အဆိုတော်အောင်လနဲ့အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ရွှေလက်တွဲနေကြကာ နှစ်ယောက်လုံးကလည်း စိတ်တူ၊ကိုယ်တူ၊ဝါသနာတူတွေဖြစ်ကြပါတယ်နော်။ဝိုင်းစုကလည်း တေးသီချင်းလောကမှာ အရမ်းအောင်မြင်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။အောင်လကလည်း ချစ်သူလေးအတွက် သီချင်းလေးတွေကိုယ်တိုင်ရေးပေးပြီး ဝိုင်းစုရဲ့ဘေးနားမှာအမြဲပံ့ပိုးပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account

ပရိသတ်တွေကတော့ အောင်လနဲ့ဝိုင်းစုတို့ချစ်သူနှစ်ယောက်လုံးကို အားပေးချစ်ခင်ကြပြီး သူတို့ရဲ့သီချင်းလေးတွေကိုလည်းအမြဲတမ်းနားထောင်ကြပါတယ်။နှစ်ယောက်လုံးက ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြပြီး အနုပညာအရည်အသွေးတွေပြည့်ဝကြတဲ့သူတွေပါနော်။ဝိုင်းစုတို့ချစ်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြပြီး အပြန်အလှန်ဖေးမကူညီနေကြတဲ့ အားကျစရာစုံတွဲလေးပဲဖြစ်ပါတယ်။

Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account

ဝိုင်းစုတို့ချစ်သူနှစ်ယောက်က အတူသွား၊အတူစားနဲ့ အမြဲတမ်းလိုလို နှစ်ယောက်တွဲတွေ့ရပါတယ်နော်။အခုဆိုရင်လည်း ချစ်သူနှစ်ယောက်က Mask လေးတွေကိုယ်စီတပ်ပြီး အပြင်အတူတူထွက်ကြတာဖြစ်ပါတယ်။နေနဲ့လ ရွှေနဲ့မြလို အရမ်းလိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းတဲ့ ဝိုင်းစုနဲ့အောင်လတို့ စုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးကို ချစ်ပရိသတ်ကြီးလည်းတွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account

Source&Photo Credit:Wine Su's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။