ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အကြီးဆုံး ရေတံခွန်တွေဖြစ်ကြတဲ့ "Kaieteur Falls" နှင့် "Angel Falls" တို့အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုရေတံခွန်ကြီးတွေအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာတစ်ဝှမ်းရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဂိုင်ယာနာနိုင်ငံ၊ မုတ်သုန်သစ်တောတွေရဲ့ ဗဟိုမှာတည်ရှိတဲ့ ကိတ်တေရာဟာ ကမ္ဘာပေါ်မှာ ရေထုအင်အား အကြီးမားဆုံး ရေတံခွန်တွေ အနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုရေတံခွန်ရဲ့ ရေစီးကျနှုန်းဟာ တစ်စက္ကန့်ကို ပျမ်းမျှ ၆၆၃ ကုဗမီတာ (၂၃၄၀၀ ကုဗပေ) ဖြစ်ပါတယ်။ ရေတံခွန်အမြင့်ဟာ ၂၂၆ မီတာ(၇၄၁ ပေ) ရှိကာ နိုင်ရာဂရာ ရေတံခွန်ထက် ငါးဆနီးပါး၊ ဗစ်တိုရီး ယား ရေတံခွန်ထက် နှစ်ဆနီးပါး ပိုမိုမြင့်မားပါတယ်။ ကိတ်တေရာထက် မြင့်သော ရေတံခွန်များရှိသော်လည်း ရေကျဆင်းမှုကတော့ ကိတ်တေရာ အောက်သို့ လျော့နည်းကြတာပါ။

photo credit pngtree

နတ်သမီးရေတံခွန် "Angle Falls" ကတော့ ဗင်နီဇွဲလား နိုင်ငံမှာ တည်ရှိပြီး "Auyan Tepuy" တောင်ထိပ် မှ ရေများစီးဆင်းကျနေတဲ့ ကမ္ဘာ့ အမြင့်ဆုံး ရေတံခွန်တစ်ခုဖြစ်ပါတယ်။ ထိုရေတံခွန်မှာ ၈၀၇ မီတာအထိ ရေများဆက်တိုက် ကျဆင်းနေပါတယ်။ ရေတံခွန်ဟာ ဗင်နီဇွဲလားနိုင်ငံတွင် တစ်သီးတစ်ခြားဖြစ်နေတဲ့ တောနက်တစ်ခုအတွင်းတည်ရှိကာ ကာနိုင်မာ အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဝေးလံသောဒေသမှာ တည်ရှိသဖြင့် နတ်သမီးရေတံခွန်သို့ လေကြောင်း ခရီးဖြင့်သာ သွားရောက်နိုင်ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။