ပရိသတ်ကြီးရေ ဂီတလောကမှာအောင်မြင်မှုတွေကို ရရှိနေသလို ရုပ်ရှင်လောကမှာပါ နေရာတစ်နေရာအခိုင်မာရပ်တည်ထားနိုင်သူကတော့ ယုန်လေးပဲဖြစ်ပါတယ်။ ယုန်လေးဟာ အသက်ငယ်ရွယ်ပေမယ့် စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တဲ့ ကောင်းမွန်တဲ့စိတ်ထားလေးကြောင့် အနုပညာရှင်တွေအပြင် ပရိသတ်တွေကပါ လေးစားချစ်ခင်နေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ ယုန်လေးက Rap ဝါသနာရှင်လေးတွေဖြစ်တဲ့ A4 ကျော်စွာ ၊ Min Z တို့ နဲ့အတူ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် " စိတ်ကူး " ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို ဖန်တီးနေပြီလည်းဖြစ်ပါတယ်။

Photo Credit -Yone Lay
Photo Credit -Yone Lay

ဒီသီချင်းလေးကို ရိုက်ကူးနေရင်း ယုန်လေးကတော့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေးမှာ အမှတ်တရပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ Rap ဝါသနာရှင်လေးတွေဖြစ်တဲ့ A4 ကျော်စွာ ၊ Min Z တို့ အတူ MC ကယားလေး ၊ Rap ကျားကြီး တို့လည်းတွေ့ရပါတယ်။ ဒီအလှူလေးနဲ့ ပတ်သတ်ပြီး ယုန်လေးကတော့ " စိတ်ကူး သီချင်း ရိုက်ကူးရေး ဒီနေ့မှပြီးစီး ... သီချင်းလေးပေမယ့် Storyရယ် ပြောချင်တဲ့ အရာလေး ပေါ်အောင်ရိုက်ရတဲ့အတွက် ဇာတ်ကား ရိုက်သလိုပါပဲ သေချာရိုက်ချင်းလို့ ၃ရက် ရိုက်ကူးခဲ့ပါတယ် ....သီချင်လေးထဲ မှာ အလှူလုပ်တာလေးတွေပါတော့ တကယ် လှူလိုက်ပါတယ်.....

Photo Credit -Yone Lay
Photo Credit -Yone Lay

ကျွန်တော်ကတော့ ဆန်အိတ်တွေလှူလိုက်တယ်.... အားဖြည့်အချိုရည်ဆိုတော့ Rocker နဲ့ Veve ရေသန့်တွေ လှူပေးပါလားပြောတာ ချက်ချင်း နာရီပိုင်းအတွင်း ညတွင်းချင်းလာပို့သွားတယ်... Veve က မမာလာလို အရည်ချင်းရှိတဲ့လူကို ရထားတာ တကယ်တန်ဖိုးရှိပါတယ်....စာချူပ်ထဲ နဲ့ မဆိုင်တာတွေပါ အကူညီတောင်းတိုင်းစေတနာ အပြည့်နဲ့ လိုက်လှူတဲ့ ကိုနိုင်ဖြိုး ကိုရွှေမန်းတို့နဲ့ အလုပ်လုပ်ရတဲ့အတွက် Rocker BA ဖြစ်တဲ့ အတွက်လည်းဂုဏ်ယူပါတယ်....26 ရက်နေ့ စိတ်ကူး Music Video တကယ်တင်ပါပြီ V7 , OG , Special 9 , သတိအန္တရာယ်ရှိသည် , Seven scene Media 7 Page တို့ကနေ တင်ပါမယ်..ဝန်းရံ ပေးဖို့ တောင်းဆိုပါတယ် " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ 26 ရက်နေ့လေးမှာ ယုန်လေး ရဲ့ "စိတ်ကူး" သီချင်းလေးကို အားပေးလိုက်ပါဦးနော်....။

Photo Credit -Yone Lay

Photo Credit -Yone Lay

Source - Yone Lay ' facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။