photo credit - Relyks twitter

North America region က Esports organization တစ်ခုဖြစ်တဲ့ Cloud9 ကတော့ သူတို့ရဲ့ Valorant team မှာကစားမယ့် ဒုတိယမြောက် player ကိုကြေညာခဲ့ပါတယ်။

Cloud9 ကြေညာခဲ့တဲ့ player ကတော့ Relyks ဖြစ်ပြီး သူဟာ အရင်က cs go pro teams တော်တော်များများမှာ ကစားခဲ့ဖူးတဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

Relyks အနေနဲ့ Valorant Game ဘက်ကို ဦးစားပေးကစားလာတာကတော့ Swole Identity ကနေ leave ခဲ့တဲ့ 2020 ခုနှစ် 4 လပိုင်း 18 ရက်နေ့နောက်ပိုင်းမှဖြစ်ပြီး အခုဆိုရင် သူ Valorant ဆော့ကစားတဲ့သက်တမ်းဟာ လအနည်းငယ်လေးသာရှိသေးတာပဲဖြစ်ပါတယ်။

Cloud9 အနေနဲ့ကတော့ လက်ရှိမှာ Relyks ကို temporary stand-ins players အနေနဲ့ ခေါ်ယူကစားနေရာကနေ ဒုတိယမြောက် player အနေနဲ့ T1 x Nerd Street Gamers Showdown tournaments မစခင်လေးမှာခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

Cloud9 အနေနဲ့လည်း ဒီ touranments ကိုယှဉ်ပြိုင်ဖို့အတွက် လိုအပ်နေသေးတဲ့ players သုံးယောက်နေရာမှာ stand-in players တွေကိုခေါ်ယူပြီး ယှဉ်ပြိင်သွားမှာပဲဖြစ်ပါတယ်။

T1 x Nerd Street Gamers Showdown tournaments ယှဉ်ပြိုင်မယ့် Cloud9 ရဲ့ Valorant roster ကတော့

TenZ

Relyks

Poach (stand-in)

shinobi (stand-in)

mitch (stand-in)

တို့ပဲဖြစ်ပါတယ်။

source - Cloud9 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။