တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားလာခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ အခုချိန်အထိတိုင်အောင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က ကလေးနှစ်ယောက်မေမေဖြစ်ပေမယ့် ငယ်ရွယ်နုပျိုတဲ့အလှတရားတွေနဲ့ အရွယ်တင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ခင်ဇာခြည်ကျော်က ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit- Khin Zarchi Kyaw's FB Acc
Photo Credit- Khin Zarchi Kyaw's FB Acc
Photo Credit- Khin Zarchi Kyaw's FB Acc

ခင်ဇာခြည်ကျော်က သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားရပြီး သူမရဲ့သားနဲ့သမီးကိုပါ အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးထားတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးက သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိနေတာ ဖြစ်ပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်က သမီးလေးနဲ့အတူတွဲပြီး အခွီဗီဒီယိုလေးတစ်ခု ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Khin Zarchi Kyaw's FB Acc
Photo Credit- Khin Zarchi Kyaw's FB Acc
Photo Credit- Khin Zarchi Kyaw's FB Acc

ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ကတော့ ရုပ်ပြောင်လေးတွေနဲ့ အခွီပုံစံလုပ်ပြီး Tik Tok ကစားထားကြတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး သားအမိတွေလိုသာမက ညီအစ်မတွေလိုပါချစ်ခင်ရင်းနှီးကြတဲ့ ခင်ဇာခြည်ကျော်တို့သားအမိကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Htin Thitsar's Tik Tok Acc

Photo Credit- Khin Zarchi Kyaw's FB Acc
@htinthitsar

##fyp မိမိုက်မနေဘဲငပေါဖြစ်သွားတဲ့အခိုက်အတန့်

♬ HAHA - lil darkie

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။