ပြည်သူချစ်သရုပ်ဆောင် မင်းသားချော ရန်အောင်ကတော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုများစွာကို ဆွတ်ခူးရရှိထားတဲ့ ရန်အောင်ကတော့ သူ့ရဲ့ဇာတ်ကားတွေ၊ တေးသီချင်းတွေနဲ့ ပရိသတ်တွေအပေါ်မှာ လွှမ်းမိုးထားနိုင်တာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိလည်း ရန်အောင်က သူချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Photo Credit-Yan Aung's FB Acc
Photo Credit-Yan Aung's FB Acc
Photo Credit-Yan Aung's FB Acc

ရန်အောင်က လက်ရှိမှာတော့ ဇာတ်ကားတွေ ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေကိုလည်း မကြာခဏတက်ရောက်နေရတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ ပျိုမဒီတွေကိုဖမ်းစားနိုင်ခဲ့တဲ့ ရန်အောင်က အခုချိန်အထိလည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်။ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ရန်အောင်ကတော့ ပိုပိုပြီးနုပျိုကာ လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတာ ဖြစ်ပါတယ်။

Photo Credit-Yan Aung's FB Acc
Photo Credit-Yan Aung's FB Acc
Photo Credit-Yan Aung's FB Acc

အခုလည်း ရန်အောင်က အိမ်မှာနေရင်း အပျင်းပြေရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ နုဖတ်ချောမောတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ရန်အောင်ကတော့ အသက် (၅၀) ကျော်အရွယ်လို့ မထင်မှတ်ရလောက်အောင် နုပျိုနေတာ ဖြစ်ပါတယ်။ ကဲ အမြဲတမ်းချောမောခန့်ညားနေဆဲဖြစ်တဲ့ မင်းသားချောရန်အောင်ရဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Yan Aung's FB Acc

Photo Credit-Yan Aung's FB Acc
Photo Credit-Yan Aung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။