ပရိတ်သတ်ကြီးရေ.....Miss Internationalတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာချစ်စရာကောင်းတဲ့ စကားပြောဟန်ပန်လေးတွေနဲ့ အပြုံးချိုချိုလေးတွေအပြင် အချိုးအစားကျပြီး ဆွဲဆောင်မှုရှိတဲ့ ညို့အားပြင်း ခန္ဓာကောက်ကြောင်း အလှကိုလည်း ပိုင်ဆိုင်ထားတဲ့သူလေးလည်း ဖြစ်ပါတယ်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

နန်းခင်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားတွေပါအများအပြားရိုက်ကူးထားတဲ့သူဖြစ်ပြီး အနုပညာအရည်အချင်းပြည့်၀တဲ့သူလည်းဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ အားတက်သရောလုပ်ဆောင်တတ်တဲ့သူလည်းဖြစ်ပါတယ်။ နန်းခင်ဟာ အခုလက်ရှိမှာဆိုရင်လည်း မာလာရှမ်းကောနဲ့အသုပ်စုံဗန်းတွေကို ကိုယ်တိုင်ပြင်ဆင်ပြီးရောင်းချပေးနေတာလည်းဖြစ်ပါတယ်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

နန်းခင်ဇေယျာဟာ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပြီး သူမရဲ့အားလပ်ချိန်တွေမှာလည်း မိသားစုကိုအချိန်ပေးတတ်တဲ့သူလေးဖြစ်ပါတယ်။ မကြာသေးမီက နန်းခင်ဟာ သူမရဲ့Facebookစာမျက်နှာမှာ "တူ တူမလေးတွေရဲ့ တီတီနန်းခင်ဇေယျာ..." ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

Source-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။