ပရိသတ်ကြီးရေ အနုပညာလောကမှာ ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေဖြင့် ပရိသတ်တွေရဲ့ အချစ်တွေနဲ့ နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တဲ့သူကတော့ တက္ကသိုလ်ဂွမ်းပုံ ပဲဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံ ကတော့ ဟာသ ဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်ရဲ့ အချစ်တွေကိုရရှိခဲ့ပြီး ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုကြောင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမကတော့ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတက်ပြီး စိတ်သဘောထားအလွန်းပြည့်ဝတဲ့ အနုပညာရှင်လေးပါနော်...။

Photo Credit - Goon Sein
Photo Credit - Goon Sein
Photo Credit - Goon Sein

တက္ကသိုလ်ဂွမ်းပုံ ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံ ရဲ့ မိခင် ကတော့ မကြာသေးမှီ လပိုင်းလောက်က ဆုံးပါးသွားခဲ့တာကို ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ ။ ဒါ့အပြင် ဆုံးပါးသွားတဲ့ မိခင်ကြီး အားရည်ပြီးတော့ ဇာတိမွေးရပ်မြေ ပုန်းညှက်ရွာ "အောင်တော်မူစေတီ " ရင်ပြင်တော်ကျောက်ပြားများကိုလည်း လှူဒါန်းပေးခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo Credit - Goon Sein
Photo Credit - Goon Sein
Photo Credit - Goon Sein

ယခုမှာတော့ တက္ကသိုလ်ဂွမ်းပုံ က မိခင်ကြီး တစ်လပြည့်တဲ့နေ့လေးမှာ ဆွမ်းကျွေးအလှူ နဲ့ စေတီရင်ပြင်တော် အလှူတော်မင်္ဂလာကိုပါ တစ်ပါးတည်း ပြုခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီပုံရိပ်လေးတွေနဲ့လည်း တက္ကသိုလ်ဂွမ်းပုံ က " မေမေ့မွေးရပ်ဌာနေ မေမေ့တလပြည့်ဆွမ်းကျွေးအလှူနှင့် ပုန်းညှက်ရွာအောင်တော်မူစေတီ ရင်ပြင်တော်ကျောက်ပြားအလှူတော်မင်္ဂလာ " ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ချစ်ပရိသတ်တွေလည်း တကယ့်ကို ကြည်နူးမွန်မြတ်လှတဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်..။

Photo Credit - Goon Sein
Photo Credit - Goon Sein
Photo Credit - Goon Sein

Photo Credit - Goon Sein

Source - Goon Sein's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။