ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ တစ်ချိန်က အနုပညာလောကမှာ နေရာတစ်ခု ရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး သူမပါဝင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေကနေ ရပ်နားထားပြီး မိသားစုကို အချိန်အပြည့်အဝပေးနေသူလေးပဲ ဖြစ်ပါတယ်။

Photo Credit : MY DREAM One Stop Wedding Service
Photo Credit : MY DREAM One Stop Wedding Service

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။မိုးယုစံတို့ မိသားစုလေးမှာတော့ သား Austin လေးကတော့ အိမ်ရဲ့ဆည်းလည်းလေးပဲ ဖြစ်ပါတယ်။ သူမကတော့ သားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကို ဖေ့ဘွတ်စာမျက်မှာ အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။

Photo Credit : MY DREAM One Stop Wedding Service
Photo Credit : MY DREAM One Stop Wedding Service

မိုးယုကတော့ ခုချိန်ထိကို နုပျိုလှပကာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိနေသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြူဝင်းဥပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ ရေကူးကန်ထက်က ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ မိုးယုတစ်ယောက် ကလေးတစ်ယောက်အမေလို့ မထင်မှတ်ရလောက်အောင် လှရက်လွန်းနေတာကြောင့် ပရိသတ်ကြီးကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : MY DREAM One Stop Wedding Service
Photo Credit : MY DREAM One Stop Wedding Service

Source : Moe Yu San Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။