ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်တို့မိသားစုလေးကတော့ သာယာနွေးထွေးမှုအပြည့်နဲ့ စည်းလုံးကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်။နန္ဒာလှိုင်က ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့အိမ်ထောင်ရေးလေးကို ပရိသတ်အများအပြားက အားကျနေရတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ နန္ဒာလှိုင်က အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ပါဘူးနော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

သူမရဲ့မိသားစုကိုသာ အချိန်လုံလုံလောက်လောက်ပေးရင်း ချစ်ခင်ပွန်းနဲ့သမီးသုံးယောက်ရဲ့ဝေယျာဝစ္စကို သူမကိုယ်တိုင်လုပ်ဆောင်တာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ သမီးသုံးယောက်လုံးကလည်း အမေတူလေးတွေဖြစ်လို့ အချောလေးတွေဖြစ်ပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးတွေဖြစ်ပါတယ်။အငယ်ဆုံးလေး ဇေမဒီလှိုင်ဆိုရင် အတတ်ဆုံးလေးလည်းဖြစ်လို့ ပရိသတ်တွေကအချစ်ပိုနေရတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

နန္ဒာလှိုင်ကတော့ အိမ်ရှင်မကောင်းတစ်ယောက်လည်းပီသပြီး မိသားစုကိုပျော်ရွှင်အောင်ထားပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ နန္ဒာလှိုင်တို့မိသားစုက သူမတို့ပိုင်ဆိုင်တဲ့ ဟိုတယ်ဇွဲကပင်ကို သွားရောက်ပြီး အလုပ်လေးတွေလုပ်နေကြတာဖြစ်ပါတယ်။သမီးသုံးယောက်ကတော့ ပျော်ပျော်ပါးပါးနဲ့ရေကူးနေကြတာဖြစ်လို့ မေမေနန္ဒာလှိုင်က သမီးလေးတွေရဲ့ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

Source&Photo Credit:Nandar Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။