ပရိသတ်ကြီးရေ အကယ်ဒမီချောရတနာကတော့ သားသမီးတွေမွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပြီး ကလေးတွေကိုသာ သေချာဂရုစိုက်ပေးကာ ပျော်ရွှင်စရာမိသားစုဘဝလေးဖြစ်အောင်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ချောရတနာရဲ့ သားနဲ့သမီးကလည်း အခုဆိုရင် အရွယ်လေးလည်းနည်းနည်းရောက်နေပြီဖြစ်လို့ မေမေချောရတနာကတော့ အနုပညာအလုပ်တွေကို တစ်နိုင်တစ်ပိုင်လေးပြန်လည်လုပ်ဆောင်တော့မှာဖြစ်ပြီး ဇာတ်လမ်းတွဲလည်းရိုက်ကူးတော့မှာဖြစ်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

ချောရတနာရဲ့ သားနဲ့သမီးလေးကလည်း အမေတူလေးတွေဖြစ်လို့ အရမ်းချစ်စရာကောင်းကြပြီး ချစ်မွှေးပါတဲ့ကလေးလေးတွေဖြစ်ကြပါတယ်။ချောရတနာကတော့ သားနဲ့သမီးကို သေချာပြုစုပျိုးထောင်ပေးပြီး မိခင်မေတ္တာအပြည့်နဲ့စောင့်ရှောက်ပေးလို့ ကလေးလေးတွေက လိမ္မာရေးခြားရှိစွာကြီးပြင်းလာကြပါတယ်နော်။ချောရတနာရဲ့သမီးငယ်လေး CoCo လေးကတော့ တီတီတာတာလေးတွေလည်းပြောတတ်ပြီး အရမ်းချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေကပါချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

အခုဆိုရင်လည်း CoCoလေးက သူ့ရဲ့နာမည်လေးကို ပီပီသသနဲ့ပြောဆိုတတ်နေပြီဖြစ်ပါတယ်။မေမေချောရတနာက သမီးငယ်လေးရဲ့နာမည်ကို ချောမြတ်ဟေသာ လို့ နာမည်လှလှလေးပေးထားပြီး သားကြီးလေးနာမည်ကတော့ ကောင်းသုတကျော်ဖြစ်ပါတယ်။CoCo လေးက သူ့ရဲ့နာမည်နဲ့ ကိုကို့ရဲ့နာမည်ကို ပြောပြနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မေမေချောရတနာက သူမရဲ့လူမှုကွန်ယက်စာမျက်နှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

Source&Photo Credit:Chaw Yadanar's Facebook Account

Video Credit:Chaw Yadanar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။