ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ဖမ်းစားထားနိုင်သူလေးကတော့ Mrtv-4မင်းသမီးချောလေး မေမီကိုကိုပဲဖြစ်ပါတယ်။ မေမီက ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မတူညီတဲ့ ကာရိုက်တာတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပုံဖော်ပေးနိုင်သူဖြစ်လို့ ပရိသတ်တွေရဲ့ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်။ မကြာသေးမီက ထုတ်လွှင့်ပြထားတဲ့ လိပ်ပြာနှောင်ကြိုးဇာတ်လမ်းတွဲလေးထဲမှာလည်း သရဲမလေး ဂျူးရီအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အကြိုက်တွေ့စေခဲ့တာပါနော်........။ 

Photo credit - May Mi Ko Ko's FB page
Photo credit - May Mi Ko Ko's FB page

မေမီက ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတက်တဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမီက အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေတာပါနော်။ ဒါ့အပြင် ယခုလက်ရှိ Mrtv-4မှာ ထုတ်လွှင့်ပြသနေတဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲလေးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်....။

Photo credit - May Mi Ko Ko's FB page
Photo credit - May Mi Ko Ko's FB page
Photo credit - May Mi Ko Ko's FB page

ဇာတ်လမ်းတွဲလေးက နာမည်ကြီး ဝတ္ထုတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသမီးချောလေး မေမီက စိတ်ရင်းကောင်းပြီး မာနကြီးတဲ့ ညိုထွေးဆိုတဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်ကာ ပရိသတ်အချစ်တွေကို သိမ်းပိုက်ရယူနေတာလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ မေမီက ရိုက်ကွင်းနောက်ကွယ်က ညိုထွေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်ပြီး " စာဖတ်ပျင်းတဲ့ ညိုထွေးလေး ဘာတွေဆက်လုပ်မှာလဲ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။ 

Photo credit - May Mi Ko Ko's FB page
Photo credit - May Mi Ko Ko's FB page
Photo credit - May Mi Ko Ko's FB page

Source & Photo credit - May Mi Ko Ko's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။