မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်နဲ့အတူ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက်မေမေဖြစ်သွားတဲ့ စန္ဒီမြင့်လွင်က သမီးလေးကို အချိန်ပိုပေးနေရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စန္ဒီမြင့်လွင်က သီချင်းအသစ်တွေဖန်တီးပြီး ဂီတအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart

Treasure လေးလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကတော့ အခုဆိုရင် အသက်(၁၁)လကျော်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Treasure လေးက ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းသလို မေမေစန္ဒီမြင့်လွင်နဲ့လည်း နှုတ်ခမ်းလေးတွေကအစ တစ်ထေရာတည်းတူသူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း Treasure လေးက တစ်အိမ်လုံးရဲ့အချစ်တော်လေးဖြစ်နေသလို ပရိသတ်တွေရဲ့အချစ်ကိုပါ ရယူထားနိုင်တာ ဖြစ်ပါတယ်။

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart

အခုလည်း စန္ဒီမြင့်လွင်က တစ်တစ်တုတ်တုတ်လေးနဲ့ ချစ်စရာကောင်းတဲ့ Treasure လေးရဲ့ပုံလေးတွေကို " ကဲတစ်ရက်တော့မေမေနဲ့liveလွှင့်ပြီး စကားပြောဦးမှပါလေ သမီးလည်း တစ်နှစ်ပြည့်ခါနီးအရွယ်ရောက်တော့မှာဆိုတော့ ဒါနဲ့လေသမီးကိုချစ်ရင်အသည်းပဲပေးကြနော် ဟဟပေးတဲ့သူဆိုသမီးမေမေကစိတ်ဆိုးပြီး တန်းပြီးဘန်းပစ်တာပဲ အာ့ကြောင့်အသည်းလေးတွေပေးနော်" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကိုအသည်းယားစရာကောင်းတဲ့ Treasure လေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source :Sandy Myint Lwin's FB Page

Photo Credit-Dior By Heart

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။