ပရိသတ်ကြီးရေ Rapအဆိုတော် မိုးမိုးကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ထွက်ရှိထားတဲ့ သီချင်းတွေကလည်း ပရိသတ်တွေ အကြိုက်တွေ့စေခဲ့တာပါနော်။ ကိုယ်ပိုင်ရေးသားထားတဲ့ သီချင်းတွေနဲ့ တစ်ကိုယ်တော် အယ်ဘမ်လ်တွေများစွာထွက်ရှိခဲ့တဲ့ မိုးမိုးက အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး မိသားစုကို အချိန်ပေးကာ ပျော်ရွှင်နေသူလည်းဖြစ်ပါတယ်.....။

Photo credit - Moe Sithu Kyaw's FB account
Photo credit - Moe Sithu Kyaw's FB account

သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ချစ်ဇနီးချောလေးနဲ့အတူ တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုလည်း မွေးဖွားထားတာဖြစ်လို့ ပရိသတ်တွေကလည်း အားကျနေကြတာပါနော်။ ယနေ့မှာတော့ ပရိသတ်အချစ်တော် အဆိုတော် မိုးမိုးက ချစ်ဇနီးနဲ့အတူ တက်တူးဆင်တူထိုးဖြစ်တဲ့အကြောင်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေလာတာပဲဖြစ်ပါတယ်။ မိုးမိုးက " Zuu Luu TattooArtistတဲ့ ဒီညီလေးနဲ့ Facebook မှာ Friend ဖြစ်နေတာကြာပြီ သူ BKK မှာ ဆုတွေဘာတွေ ရတာလဲ တွေ့တယ် အသက်လဲ ငယ်ငယ်ပဲရှိသေးတယ် အရမ်းထူးချွန်မှာပဲ လို့တွေးပြီးသား သို့သော် အပြင်မှာ တွေ့တော့ ထင်ထားတာထက် ပိုတော်နေတယ်.. ...

Photo credit - Moe Sithu Kyaw's FB account
Photo credit - Moe Sithu Kyaw's FB account
Photo credit - Moe Sithu Kyaw's FB account

tattoo မကြိုက်တဲ့ကိုယ်တောင် အရမ်းတွေ စိတ်ဝင်စားပြီး ထိုးမယ်ဖြစ်ဝါးရော ဒါပေမယ့် အစမ်းအနေနဲ့ သေးသေးလေးကနေ စထိုးမယ် ဆိုပြီး Couple tattoo လေး ဒီနေ့ထိုးဖြစ်သွားတယ် (ပြီးရင် ထပ်ထိုးမယ် ညာဘက် ရှယ်ဖြုတ်မယ် )ကျးဇူးပါ ညီလေးရေ တကယ်တန်ဖိုးရှိတဲ့ Artist တစ်ယောက်နဲ့ဆုံရတာ မင်္ဂလာ သိပ်ရှိပါတယ် ဒီ့ထက်မက အောင်မြင်ပါစေဗျာ Tattoo နဲ့ပတ်သက်လို့ စိတ်ချလက်ချရှိစေချင်ရင် ဒီဘဲလေးဆီသာ သွားကြဗျာ.. ကျေနပ်စေရမယ် ဪ.. ဒါနဲ့ အိမ်ပြန်ရောက်တော့ အဖေအမေလက်မှာ ပုံတွေတွေ့လို့တဲ့ မမဂျူးကိုလဲ ကျေနပ်အောင်လုပ်ပေးရသေးဗျာ " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..........။

Photo credit - Moe Sithu Kyaw's FB account
Photo credit - Moe Sithu Kyaw's FB account
Photo credit - Moe Sithu Kyaw's FB account

Source & Photo credit - Moe Sithu Kyaw's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။