ပရိသတ်ကြီးရေ အကယ်ဒမီစိုးမြတ်နန္ဒာကတော့ လက်ရှိမှာဆိုရင် "မင်းသမီးပိုးထည်တိုက်"ကို ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့တော့ အလှမ်းဝေးကွာနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေဆဲဖြစ်ပါတယ်။စိုးမြတ်နန္ဒာက အခုချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်နော်။

Photo Credit:Soe Myat Nandar's Facebook page
Photo Credit:Soe Myat Nandar's Facebook page

စိုးမြတ်နန္ဒာတို့ ညီအစ်မတွေက တစ်ခါတစ်လေ ပျော်ပျော်ပါးပါး Liveလွှင့်ပြီး ဈေးရောင်းကြပါတယ်နော်။ပရိသတ်တွေကတော့ စိုးညီအစ်မတွေအကုန်လုံးကိုအားပေးချစ်ခင်ကြပြီး စန္ဒီမြင့်လွင်မွေးဖွားထားတဲ့ သမီးလေးTreasureလေးကိုလည်း ချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း စိုးမြတ်နန္ဒာက Treasureလေးနဲ့ အတူတူကစားပေးနေတာဖြစ်ပါတယ်။

Photo Credit:Soe Myat Nandar's Facebook page
Photo Credit:Sandy Myint Lwin's Facebook page

တူမချောလေး Treasureကို ချစ်မဝဖြစ်နေပြီး ဘေးကနေ လိုက်စနေတာပါနော်။ဒါဒါကတော့ တူမလေးနဲ့အတူတူဆော့ကစားပေးနေပြီး တူအရီးနှစ်ယောက်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။Treasureလေးကလည်း တီတီဒါဒါနဲ့ အတူကစားနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရ‌စေနော်။

Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Soe Myat Nandar's Facebook page

Photo Credit:Soe Myat Nandar's Facebook page

Source&Video Credit:Sandy Myint Lwin's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။