ပရိသတ်ကြီးရေ မင်းသားချောလေး စိုးရန်အောင်ကတော့ ချစ်ရသူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်ထားပြီး သာယာအေးချမ်းတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။သူ့ရဲ့ဇနီးချောလေး သက်သခင်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ စိတ်တူ၊ကိုယ်တူ၊ဝါသနာတူနဲ့ ရှေ့သွားနောက်လိုက်ညီကြပါတယ်။

Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account

လက်ရှိမှာလည်း စိုးရန်အောင်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေကြပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။စိုးရန်အောင်ရဲ့ ချစ်ဇနီးချောလေး သက်သခင်ကတော့ ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပြီး မကြာခင်မှာကလေးလေးရှိလာတော့မှာဖြစ်လို့ မိသားစုဘဝလေးကို ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။

Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account

သက်သခင်က ကိုယ်ဝန်လွယ်ထားရတဲ့မိခင်လောင်းတစ်ယောက်ဖြစ်ပေမယ့် အလှအပတွေက နည်းနည်းလေးမှမလျော့သွားဘဲ ပျိုမျစ်နုနယ်နေဆဲဖြစ်ပါတယ်။အခုဆိုရင်တော့ ကိုယ်ဝန်ကလည်း (၃)လထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်နော်။စိုးရန်အောင်တို့ဇနီးမောင်နှံနှစ်ယောက်က အမှတ်တရဓာတ်ပုံလေးရိုက်ထားပြီး ကြည်နူးနေကြတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account

Source&Photo Credit:Soe Yan Aung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။