ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးလာတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် မင်းသမီးချောလေး ခင်သဇင် ဟာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း လူမှုရေးအကျိုးပြုပရဟိတအလုပ်တွေကိုလည်း ပါဝင်လုပ်ကိုင်ပေးတာကို တွေ့ရပါတယ်။
ခင်သဇင် ဟာ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တဲ့လေးစားဖွယ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ နဲ့ ချစ်စရာပုံရိပ်လေးတွေ ဖော်ပြပေးတာကို တွေ့ရပါတယ်။ ယခုမှာတော့ ခင်သဇင် က လွမ်းနေတဲ့ ပရိသတ်တွေအတွက် နယ်မှာရှိတဲ့ ဖခင်ရဲ့ ခြံလေးထဲမှာ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုလို့ရအောင် တင်ပေးလာခဲ့ပြန်ပါပြီနော်....။
ဒီပုံလေးထဲမှာတော့ မင်းသမီးချောလေး ခင်သဇင် ကလွတ်လပ်ပေါ့ပါးတဲ့ ဝတ်စုံလေးကိုဝတ်ပြီး ချစ်စရာအမူရာလေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင်ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ခင်သဇင် က " ဒီကမ္ဘာမှာ အကြိုက်ဆုံးနေရာက အဖေ့ခြံ ထဲက အပင်လေးတွေ စိုက်ထားတဲ့ ထရံ အိမ် အဟောင်းလေး ပကာသနတွေ မပါတဲ့ အငြိမ်းချမ်းဆုံး နေရာလေး" ဆိုပြီး ရေးသားထားပါသေးတယ်။ချစ်ပရိသတ်တွေလည်း တစ်မျိုးလေး လှသွေးကြွယ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခင်သဇင် ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။
Photo Credit - Khin Thazin
Source - Khin Thazin's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။