မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီပဲ ဖြစ်ပါတယ် ။ ကလေးတစ်ယောက်မေမေဖြစ်သွားတဲ့ စန္ဒီမြင့်လွင်က သူမရဲ့သမီးလေးကို အချိန်ပြည့်ပြုစုစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်ရဲ့သမီးလေးကလည်း သူမနဲ့ရုပ်ချင်းတစ်ထေရာတည်းပြီး အရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တော်လေးပါ ဖြစ်နေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Dior By Heart
Photo Credit-Khin Lin Htin-Treasure's FB Page
Photo Credit-Sandy Myint Lwin's FB Page

အသက်တစ်နှစ်နီးပါးရှိနေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက တစ်နေ့တခြားဆိုသလို ပါးဖောင်းဖောင်းလေးတွေနဲ့ အူယားစရာကောင်းလို့နေတာ ဖြစ်ပါတယ် ။ မေမေစန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့အချစ်ကိုပါ ရရှိထားတဲ့ သမီးလေး Treasure ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲတမ်းမျှဝေပေးနေတာပဲ ဖြစ်ပါတယ် ။ အခုလည်း စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့သမီးလေးရဲ့ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Dior By Heart
Photo Credit-Sandy Myint Lwin's FB Page

ဒီဗီဒီယိုလေးမှာတော့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက သူ့ဖေဖေရဲ့ရင်ခွင်လေးထဲမှာ ခေါင်းလေးမှီကာ ကပ်ချွဲနေတာပဲ ဖြစ်ပါတယ် ။ မုန့်စားရင်း ဖေဖေ့ကိုအချွဲပိုနေတဲ့ သမီးလေးရဲ့အမူအရာလေးတွေကိုကြည့်ပြီး စန္ဒီမြင့်လွင်ရဲ့ခင်ပွန်းကလည်း ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကိုအသည်းယားစရာကောင်းတဲ့ စန္ဒီမြင့်လွင်သမီးလေးရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sandy Myint Lwin's Tik Tok  Acc

Photo Credit-Khin Lin Htin-Treasure's FB Page
@sandymyintlwin

##daddy &treasure##sandymyintlwin ##burmesetiktok

♬ In My Daughter's Eyes - Homegrown Peaches

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။