ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးအိအိခန့် ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သူမကတော့ သွယ်လျကျစ်တဲ့ body သေးသေးသွယ်လေးကိုပိုင်ဆိုင်ထားသလို အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ချစ်စရာအပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေက ချစ်အားပိုနေရတာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျကျ အကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။

Photo & Video Credit - Poe Ei Ei Khant
Photo & Video Credit - Poe Ei Ei Khant

လတ်ရှိမှာတော့ မင်းသမီးချောလေး ပိုးအိအိခန့်ဟာ မြန်မာ့လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး အောင်သူနဲ့ အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေး သဲကိုးလေးနဲ့ အတူ ပျော်ရွှင်တဲ့ မိသားစုဘဝလေးဖြင့် ဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ မေမေ ပိုးအိအိခန့် က သူမကိုချစ်တဲ့ ပရိသတ်တွေက သဲကိုးလေးကို ချစ်အားပိုစေရန်လည်း နေ့စဉ်ဆိုလို သားလေးရဲ့ ပုံလေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း သားလေးဆော့ကစားနေတာလေးကို မေမေပိုးအိအိခန့် ဗီဒီယိုရိုက်ထားတာကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Poe Ei Ei Khant
Photo & Video Credit - Poe Ei Ei Khant

ဒီဗီဒီယိုလေးထဲမှာတော့ သားလေး သဲကိုးလေးက သနပ်ခါးပါးကွက်ကြားလေးလူးပြီး စကားတွေပြောပြီး ဆော့ကစားနေတာလေးကို မေမေ ပိုးအိအိခန့်က ချစ်မဝဖြစ်နေတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးတွေနဲ့လည်း မေမေပိုးအိအိခန့် က " ဘာတွေ ကျောနေတာလဲသားရယ်သူ့ကိုစတာလည်း သူသိတယ်....ပျဉ်းမနားမှာ ပျော်နေတဲ့ ပျဉ်းမနားသားလေးဖြစ်နေပြီ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ စကားတွေပြောရင်း ဆော့ကစားနေတဲ့ သားလေး သဲကိုးလေးရဲ့ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Poe Ei Ei Khant

Source - Poe Ei Ei Khant facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။