လူရွှင်တော်ဘဝကတည်းက ယနေ့ သရုပ်ဆောင် ဒါရိုက်တာ ဖြစ်တဲ့ အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူကတော့ သရုပ်ဆောင် ခင်လှိုင်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ် နှစ်စုတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ လုပ်တဲ့ အလုပ်တိုင်းကိုလည်း စေတနာထားကာ အမြဲလုပ်ကိုင်တတ်သူဖြစ်တာကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Khin Hlaing's Facebook Account
Photo Crd - Khin Hlaing's Facebook Account
Photo Crd - Khin Hlaing's Facebook Account

ခင်လှိုင်ဟာ သက်ကြီးလူရွှင်တော်များအတွက်လည်း အလှူခံကာ တစ်လတစ်ခါ မဲနှိုက်ပြီး လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းတွေကိုလည်း အမြဲလိုလို လှူဒါန်းတတ်ပြီး ဘာသာရေးလည်း ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်မြင်အောင် ကြိုးစားလုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲမပြတ် ဝေမျှပေးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Khin Hlaing's Facebook Account
Photo Crd - Khin Hlaing's Facebook Account
Photo Crd - Khin Hlaing's Facebook Account

အခုမှာလည်း ခင်လှိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့

မှော်ဘီခြံထဲမှာ သီးပင်စားပင်တွေကို နှစ်ယောက်အတူ ပျော်ပျော်ပါးပါး စိုက်ပျိုးနေကြတဲ့ ခင်လှိုင်တို့ ဇနီးမောင်နှံရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို လင်မယားနှစ်ယောက်လုံး တိုင်တိုင်ပင်ပင် လုပ်ဆောင်တတ်တာကြောင့်လည်း ပရိသတ်တွေအားလုံးက အားကျနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Khin Hlaing's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။