ပရိသတ်ကြီးရေ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ Mrtv-4ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူပဲဖြစ်ပါတယ်။ ခေးဆက်သွင်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းမှာလည်း အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်စွာပုံဖော်တက်သူဖြစ်လို့ ပရိသတ်တွေရဲ့ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်......။
ခေးဆက်သွင်က ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဟန်ဆောင်မှုကင်းတဲ့ စကားအပြောအဆိုလေးတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အချစ်ပိုနေရသူလေးပါနော်။ လတ်တလောမှာတော့ ခေးဆက်သွင်က အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး သူမ အားလပ်တဲ့ အချိန်လေးတွေမှာ ပရိသတ်တွေ အတွက် Tiktokဗီၤဒီယိုလေးတွေနဲ့ အမိုက်စားပုံရိပ်လေးတွေကို မကြာခဏဆိုသလို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူပါနော်.....။
ယခုမှာတော့ မင်းသမီးချောလေး ခေးဆက်သွင်က ပရိသတ်တွေ အရင်ကထက် အချစ်ပိုမိစေအောင် စကားလုံးလှလှလေးတွေသုံးကာ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေအပြင် " အကယ်၍ခင်ဗျားမဖတ်ဖူးသေးတဲ့ စာအုပ်လေးက ကျွန်တော်သာဆိုရင် မျက်နှာဖုံးလေးကြည့်ရုံနဲ့ လက်ကမချချင်အောင် ဖြားယောင်းပါရစေ " ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။
Photo credit - Khay Sett Thwin 's FB account
Source - Khay Sett Thwin 's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။