ပရိသတ်ကြီးရေ သွယ်လျကျစ်လျစ်တဲ့ body အမိုက်စားလေးကိုပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားထားသူလေးကတော့ မင်းသမီးချောလေး အေးမြတ်သူ ပဲဖြစ်ပါတယ်။ အေးမြတ်သူ ဟာ အနုပညာလောကထဲကို မော်လ်ဒယ်တစ်ယောက်အနေနဲ့ စတင်လျှောက်လှမ်းခဲ့ကာ ယခုမှာတော့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်နေပြီလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ကျရာဇာတ်ကောင်တွေ့ကို သဘာဝကျကျ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။

Photo & Video Credit - Aye Myat Thu
Photo & Video Credit - Aye Myat Thu

အေးမြတ်သူကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်းရင်း လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ကူညီလုပ်ကိုင်ပေးတာကိုတွေ့ရတဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အေးမြတ်သူဟာ အသက် ၃၀ ကျော်သွားပေမယ့် ဆယ်ကျော်သက်တွေလို လှပနုပျိုနေဆဲဖြစ်တာကြောင့် ပျိုမဒီလေးတွေလေးစားအားကျနေရတာဖြစ်ပါတယ်။ ယခုမှာတော့ မင်းသမီးချောလေး အေးမြတ်သူ က ပရိသတ်တွေအတွက် အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတစ်ခုကို တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Aye Myat Thu
Photo & Video Credit - Aye Myat Thu

ဒီဗီဒီယိုလေးထဲမှာတော့ မင်းသမီးချောလေး အေးမြတ်သူက အဝါရောင်ဂါဝန်လေးကို ဝတ်ပြီး နာမည်ကြီးနေတဲ့ သီချင်းလေးကို နောက်ခံထားပြီး ပရိသတ်တွေချစ်အားပိုအောင်ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးနဲ့လည်း အေးမြတ်သူ က " တင်စရာ ပုံ မရှိ၍.....ရှိတာလေး လာတင်ပါတယ်....သီချင်းရေးဆရာ က မမြတ်လေး က ရည်ညွန်းရေးထားသလား လို့...... အဆဲနဲနဲလေး လာတောင်းသွားပါတယ်...စကားမစပ်..... မမမြတ်လေးအသက်၃၅ နော်..." ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ့်ရိသတ်ကြီးရေ လွတ်လပ်ပေါ့ပါးပြီး လူငယ်လေးတစ်ယောက်လို ဆော့ကစားထားတဲ့ အေးမြတ်သူ ရဲ့ ချစ်စရာ tik tok ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Aye Myat Thu

Source - Aye Myat Thu's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။