အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ညီအစ်မတစ်စုကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးတွေပဲ ဖြစ်ကြပါတယ်။ မအေးသောင်းတို့ညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းကတော့ အဆိုတော်အဖြစ် ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆွိဝတ်ရည်သောင်းက တေးသီချင်းတွေဖန်တီးနေတာပဲ ဖြစ်ပါတယ်။

Photo Credit-Sweet Wutt Yi Thaung's FB Acc
Photo Credit-Sweet Wutt Yi Thaung's FB Acc
Photo Credit-Sweet Wutt Yi Thaung's FB Acc

အပြစ်ကင်းစင်တဲ့အပြုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ဆွိဝတ်ရည်သောင်းကတော့ ပရိသတ်တွေရဲ့အချစ်ကို ရယူထားနိုင်တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ ဆွိဝတ်ရည်သောင်းက ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သရုပ်ဆောင်ကျော်ထက်ဇော်နဲ့ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ဆွိဝတ်ရည်သောင်းက ကျော်ထက်ဇော်နဲ့အတူ မော်ဒိုက်ကမ်းခြေမှာရိုက်ကူးခဲ့တဲ့ ပုံလေးတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Sweet Wutt Yi Thaung's FB Acc
Photo Credit-Sweet Wutt Yi Thaung's FB Acc
Photo Credit-Sweet Wutt Yi Thaung's FB Acc
Photo Credit-Sweet Wutt Yi Thaung's FB Acc

ဆွိဝတ်ရည်သောင်းက " တကယ်လို့များ ,ကိုရောင်နီနဲ့ Sweet နဲ့ အတူတူတွဲပြီး တစ်ခုခုမှာမြင်ကြရမယ်ဆိုရင်ရော ?အားပေးမှာမှတ်လား !" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေကတော့ မော်ဒိုက်ကမ်းခြေမှာ Romantic ဆန်ဆန်ပို့စ်လေးတွေပေးပြီး ရိုက်ကူးခဲ့ကြတဲ့ ဆွိဝတ်ရည်သောင်းနဲ့ ကျော်ထက်ဇော်တို့ရဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆွိဝတ်ရည်သောင်းနဲ့ ကျော်ထက်ဇော်တို့ရဲ့ရိုက်ကွင်းအမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Sweet Wutt Yi Thaung's FB Acc

Photo Credit-Sweet Wutt Yi Thaung's FB Acc
Photo Credit-Sweet Wutt Yi Thaung's FB Acc
Photo Credit-Sweet Wutt Yi Thaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။