ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ ပြည်သူချစ် မင်းသမီးလေး စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ဗီဒီယိုဇာတ်ကားများနဲ့ ကြော်ငြာများတွင် အရမ်းကို ရေပန်းစား နာမည်ကြီးခဲ့တဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်း မရှိတော့တာကြောင့် ပရိသတ်တွေက နှမြောတသ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။  

Photo Crd - Soe Myat Nandar's Facebook Page
Photo Crd - Soe Myat Nandar's Facebook Page
Photo Crd - Soe Myat Nandar's Facebook Page

ဒါဒါဟာ ချစ်ရတဲ့ ညီအစ်မတွေနဲ့အတူ မင်းသမီး ပိုးထည်ဆိုင်ကို ဖွင့်လှစ်ထားရှိကာ စီးပွားရေးဘက်ကိုသာ ဇောက်ချလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပိုးထည်ဆိုင်ရဲ့ Facebook Page မှ တစ်ဆင့်လည်း Live လွှင့်ကာ ညီမတွေနဲ့အတူ ဈေးရောင်းလေ့ ရှိတာလည်း ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဆုံကာ မုန့်လုပ်စားလေ့ ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း အဆိုတော် ရတနာရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Soe Myat Nandar's Facebook Page
Photo Crd - Yadanar Linn's Facebook Story
Photo Crd - Yadanar Linn's Facebook Story

ဒါကတော့       ချစ်ခင်ရတဲ့ အစ်မတွေနဲ့အတူ      ပျော်ပျော်ပါးပါး    မုန့်လက်ကောက်လုပ်စားနေတဲ့     စိုးမြတ်နန္ဒာရဲ့     Video လေး ပဲ    ဖြစ်ပါတယ်။    ဒါဒါဟာ ဒီလိုမုန့်လေးတွေကိုလည်း    လုပ်တတ်ပြီး အားလပ်ချိန်လေးတွေမှာလည်း မုန့်လုပ်တဲ့ သင်တန်းလေးတွေ တက်ရောက်လေ့ ရှိတာလည်း ဖြစ်ပါတယ်။      ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒါဒါရဲ့ ဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်    ကူးယူတင်ဆက်ပေးလိုက်      ရပါတယ်နော်။

Source and Photo Crd - Soe Myat Nandar's Facebook Page and Yadanar Linn's Facebook Story  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။