ပရိသတ်ကြီးရေ ရိုးရှင်းအေးချမ်းတဲ့ အလှတရတွေနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေဖြင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားခဲ့နိုင်တဲ့သူကတော့ ဆရာဝန်မလေး မင်းသမီးချောပိုးမမှီသာ ပဲဖြစ်ပါတယ်။ သူမကတော့ အနုပညာလောကမှာ အချိန်အတိုတွင်းအောင်မြင်မှုတွေရရှိခဲ့ပြီး နေရာတစ်နေရာကို အကောင်းဆုံးရပ်တည်နေခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကာကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။

Photo Credit -Poe Mamhe Thar
Photo Credit -Poe Mamhe Thar

ပိုးမမှီသာလေးက အမြဲအေးဆေးတည်ငြိမ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ချစ်ခင်သူတွေပေါများနေတဲ့ ပြည်သူချစ်အနုပညာရှင်လေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ပိုးမမှီသာ က ဝတ်စားဆင်ယဉ်မှုတွေမှာ ဆိုရင်လည်း ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန်ဖတ်ရှင်လေးတွေကို အမြဲဝတ်ဆင်တက်တာကို တွေ့ရပါတယ်။ ယခုတစ်မှာလည်း ပိုးမမှီသာလေးက မြင်သူတိုင်းချစ်အားတွေပိုစေလောက်မယ့် သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။

Photo Credit -Poe Mamhe Thar
Photo Credit -Poe Mamhe Thar

ဒီပုံလေးတွေထဲမှာတော့ ရှေ့ခေတ်က ပျိုမဒီလေးတွေဝတ်ဆင်တဲ့ ရိုးရှင်းအေးချမ်းတဲ့ဖက်ရှင်လေးကိုဝတ်ပြီး ဆွဲဆောင်မှုရှိရှိ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေထဲမှာလည်း ရှေ့ခေတ်အခါက အရမ်းကိုတန်းဖိုးရှိခဲ့တဲ့ ရေဒီယိုစက်လေးနဲ့ ပျိုမေတွေရဲ့ အိမ်လေးတွေမှာ အများစုအသုံးပြုခဲ့တဲ့ အဝတ်ချုပ်စက်ဖြင့် သဘာဝကျကျ ရှေ့ခေတ်အငွေ့အသက်လေးတွေ ပါဝင်နေတာကိုတွေ့ရပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေး ပိုးမမှီသာလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Poe Mamhe Thar
Photo Credit -Poe Mamhe Thar

Photo Credit -Poe Mamhe Thar

Source - Poe Mamhe Thar's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။