အဆိုတော်မလေး အိမ့်ချစ်ကတော့ သူမအရမ်းချစ်ရတဲ့ချစ်သူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကြင်နာယုယပြီး သူမအပေါ်မှာ နွေးထွေးမှုပေးနိုင်တဲ့ ခင်ပွန်းကောင်းကိုရရှိထားတဲ့ အိမ့်ချစ်ကတော့ အိမ်ထောင်သည်ဘဝလေးမှာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်တို့စုံတွဲလေးကတော့ Covid19 ကာလဖြစ်တာကြောင့် လူကြီးစုံရာရှေ့မှာ တရားဝင်လက်မှတ်ရေးထိုးပြီး လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။

Photo Credit-TwoNine Photography (Chit Maung Maung)

ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ့်ချစ်တို့စုံတွဲလေးကိုကြည့်ပြီး ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်ကာ အပျော်တွေကူးစက်နေရတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၇) ရက်နေ့မှာတော့ အိမ့်ချစ်တို့ဇနီးမောင်နှံက သူတို့ရဲ့မင်္ဂလာဦးဆွမ်းကျွေးအလှူကို အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာပဲ မိသားစုနဲ့အတူ ဆွမ်းကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အိမ့်ချစ်တို့ရဲ့မင်္ဂလာဦးဆွမ်းကျွေးပွဲလေးကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ပကာသနတွေကင်းနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)

အိမ့်ချစ်က " မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် ၂၇.၆.၂၀၂၀ ရက်နေ့တွင် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မြတ်စွာဘုရားရှင်နှင့်တကွသံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည် (အခြေအနေအရ လှူဒါန်းမှုသာအဓိကမို့ မည်သူ့ကိုမျှဖိတ်ကြားခြင်းမပြုပဲ မိသားစုနဲ့သာဆွမ်းကပ်ခဲ့တာမို့ သတင်းမီဒီယာများလဲ ယခုတင်ထားတဲ့ပုံများကို အသုံးပြုနိုင်ပါတယ်ရှင့်)" ဆိုပြီး ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်္ဂလာဦးဆွမ်းကျွေးအလှူပြုခဲ့တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Eint Chit's FB Page 

Photo Credit-TwoNine Photography (Chit Maung Maung)

Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)
Photo Credit-TwoNine Photography (Chit Maung Maung)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။