ဒီတစ်ပါတ်မှာတော့ သြစတြီးယားနှင့် အီတလီ နှစ်နိုင်ငံရဲ့ နယ်စပ်မှာရှိတဲ့ "Alps"တောင်ပေါ်က ထူးခြားအံ့သြဖွယ် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၃၀၀က ရှင်သန်ခဲ့တဲ့ "Otzi"ရဲ့ ရုပ်အလောင်းကို ၁၉၉၁ ခုနှစ်မှာ ရေခဲပြင်အောက်မှ တွေ့ရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ အသေးစိတ် စစ်ဆေးမှုတွေပြုလုပ်ပြီး အငြင်းပွားဖွယ်အရာများ ဖြစ်ပွားခဲ့ပါတယ်။
ထိုရုပ်အလောင်းရဲ့ တစ်သျှူးတွေနှင့် အစာအိမ်လမ်းကြောင်းကို စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ သူနောက်ဆုံးစားခဲ့တဲ့ အစာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ထို့နောက် ရရှိထားသော ဒဏ်ရာတွေကို စစ်ဆေးကြည့်ရာမှာ သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကိုလည်း သိရှိနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် သဘာ၀ မံမီ ရုပ်အလောင်းအပေါ် မှီခိုပြီး သတ်မှတ်တဲ့ ယူဆချက် သဘောထားတွေ ကွဲလွဲခဲ့ပါတယ်။ နောက်ပြီး ရုပ်အလောင်းရဲ့ ဓား၊ လှံနှင့် အဝတ်များပေါ်မှာ အနည်းဆုံး လူလေးဦးရဲ့ သွေးစတွေကို တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီ အချက်အလက်တွေကြောင့် "သူဟာ အခြားတစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာလား၊ ကျောဘက်မှ တိုက်ခိုက်ခံရတာကြောင့်လည်ပင်းရိုးပြတ်နေတာလား၊ အခြားသူတွေဟာ သူနှင့် အတူရှိနေပြီး ပြိုင်ဘက်များနဲ့ အုပ်စုလိုက် တိုက်ခိုက်ခဲ့ကြတာလား၊ သူကွယ်လွန်ခဲ့တဲ့ နေရာမှာ အခမ်းအနားဖြင့် မြှုပ်နှံခဲ့တာလား..." အစရှိသဖြင့် မေးခွန်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။ ထိုရုပ်အလောင်းဟာ ဥရောပ ကြေးခတ် သမိုင်းကြောင်းကို ဖော်ပြနေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အရာတွေနဲ့ ရောယှက်ဆက်နွယ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။