ပရိသတ်ကြီးရေ သရုပ်ဆောင်မောင်နဲ့ သရုပ်ဆောင်ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်ကတော့ ချစ်သူသက်တမ်းလည်း (၆)နှစ်ကျော်ရှိနေကြပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။နှစ်ယောက်လုံးက လူငယ်တွေလည်းဖြစ်ကြတာကြောင့် ပွင့်ပွင့်လင်းလင်းနဲ့နေထိုင်တတ်ပြီးအချင်းချင်းလည်းစနောက်နေတတ်ကြလို့ ပရိသတ်တွေကပါ သူတို့စုံတွဲလေးကိုကြည့်ပြီး ပျော်ရွှင်နေကြတာပါတယ်နော်။

Photo Credit:SEIN PHYO & YI 's Facebook Page
Photo Credit:SEIN PHYO & YI 's Facebook Page

မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်လုံးက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ နှစ်ယောက်သားက တိုင်တိုင်ပင်ပင်နဲ့ စီးပွားရေးလေးတွေကိုလုပ်ဆောင်နေကြတာဖြစ်ပါတယ်။သူတို့ရဲ့ Page လေးဖြစ်တဲ့ SEIN PHYO & YI ဆိုတဲ့Page လေးမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မျှဝေနေတာဖြစ်ပြီး ပရိသတ်တွေကလည်း မောင်နဲ့ရီရီပွင့်ဖြူကို ချစ်ကြလို့ အားပေးကြည့်ရှု့ကြပါတယ်နော်။

Photo Credit:SEIN PHYO & YI 's Facebook Page
Photo Credit:SEIN PHYO & YI 's Facebook Page
Photo Credit:SEIN PHYO & YI 's Facebook Page

အခုဆိုရင်လည်း မောင်နဲ့ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်က "အရာဝတ္ထုပစ္စည်းဆိုတာ ကိုယ်ဆီမှာပဲ တဖြေးဖြေးသိမ်းထားရင်း တန်ဖိုးမဲ့သွားတာထက်စာရင်..တန်ဖိုးရှိနေတုန်း ကိုယ့်လိုတန်ဖိုးထားမယ့်သူနောက်တယောက်ကို ပေးလိုက်တာပိုကောင်းတယ်လို့..တွေးမိလို့.. စုထားတဲ့ အရုပ်လေးတွေကို လိုချင်တဲ့ကလေးတွေကို ပေးလိုက်ပါတယ်"ဆိုပြီး တွေ့သမျှကလေးလေးတွေကို အရုပ်လှလှလေးတွေလက်ဆောင်ပေးနေတဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:SEIN PHYO & YI 's Facebook Page
Photo Credit:SEIN PHYO & YI 's Facebook Page

Source&Photo Credit:SEIN PHYO & YI 's Facebook Page

Video Credit:SEIN PHYO & YI 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။