ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် သရုပ်ဆောင်အကယ်ဒမီ မင်းသမီးလျောလေးဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်ရသူလေးပဲ ဖြစ်ပါတယ်..။

ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ အနုပညာလောကမှာ ထိပ်တန်းကရပ်တည်နေတဲ့ ရွှေကစ်လေးကတော့ အနေအေးကာ ချစ်စရာကောင်းသူလေးမို့ ယောကျ်ားလေး မိန်းကလေး ကလေးလူကြီးမရွေး အားလုံး အားပေးဝန်းရံကြသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - MR.HAW

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ရွှေကစ်လေးကတော့ အခုတစ်ခါမှာလည်း ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ လှသွေးကြွယ်လွန်းနေပြန်ပါတယ်နော်..။

မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ ရိုးရိုးရှင်းရှင်းလေး အေးချမ်းစွာ လှနေတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူတိုင်းကို အမြင်အေးချမ်းစေကာ သဘောကျအချစ်ပိုစေမှာပါနော်..။

Photo Credit - MR.HAW
Photo Credit - MR.HAW

တည်ငြိမ်ရင့်ကျက်တဲ့ အလှတွေနဲ့ ပန်းလေးတစ်ပွင့်ပန်ကာ ကျက်သရေရှိလွန်းတဲ့ ရွှေကစ်လေးရဲ့ အလှတရားတွေကတော့ တကယ်ကို ရင်အေးစရာလေးပါပဲနော်..။

ကဲ.. ပရိသတ်ကြီးရေ.. အားလုံးအသည်းကျော် ရွှေကစ်လေးရဲ့ ဆွဲဆောင်မှုတွေရှိလွန်းတဲ့ မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေကို ဝေမျှတင်ဆက်ပေးလိုက်တာမို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - MR.HAW
Photo Credit - MR.HAW

Source & Photo Credit - MR.HAW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။