အင်ဒိုနီးရှားနိုင်ငံနဲ့ ဂူးဂယ်ကုမ္ပဏီတို့ အခွန်ပေးဆောင်မှုနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း The Daily Starမှာဖော်ပြထားပါတယ်။ 

ဂူးဂယ်ကုမ္ပဏီက အင်ဒိုနီးရှားအခွန်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုလိုက်တယ်လို့ အင်ဒိုနီးရရှား အစိုးရက စွပ်စွဲပြောကြားခဲ့သလို ဂူးဂယ်ကုမ္ပဏီဟာ (၂၀၁၅)ခုနှစ် တစ်နှစ်ထဲမှာ အခွန်ငွေနဲ့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ပေးဆောင်ဖို့ ပျက်ကွက်တယ်လို့ အကြီးတန်းအခွန်အရာရှိ တစ်ဦးက ဆိုပါတယ်။ ဂူးဂယ်ကတော့ ဂျာကာတာမြို့တော်မှာ (၂၀၁၁)ခုနှစ် ရုံးစဖွင့်ကတည်းက အခွန်ငွေအားလုံးကို ပေးဆောင်ခဲ့တယ်လို့ ခုခံပြောကြားခဲ့ပါတယ်။

အဆိုပါအပြန်အလှန် အငြင်းပွားဆိုမှုတွေ အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့ ဂူးဂယ်ကုမ္ပဏီကြား ကာလကြာရှည် ဖြစ်ပွားပြီးနောက် အခုလို သဘောတူညီမှု ရရှိခဲ့တာပါ။

Aung

သတင်းအရင်းမြစ် The Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။