ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေကတော့ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်နေကာ အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူထွေး ဟာဆိုရင်တော့ ကြော်ငြာတွေကို များစွာရိုက်ကူးနေရပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာရတာကိုလည်းတွေ့ရပါတယ်။အသက်ငယ်ငယ်လေးနဲ့ မိဘကို သိတတ်ပြီး အနုပညာအလုပ်နဲ့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ပဲဖြစ်ပါတယ်။

Photo & Video Credit - Phyu Phyu Htwe
Photo & Video Credit - Phyu Phyu Htwe

အသက်ငယ်ရွယ်ပေမယ့် ပရဟိတလုပ်ငန်းတွေမှာ လုပ်ကိုင်ပေးတက်သလို အလှူအတန်းတွေမှာလည်း ရှေ့မှကိုယ်တိုင်တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးတဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဖြူဖြူထွေး ကတော့ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ပိုပြီးဝတ်ဆင်တက်တာကိုတွေ့ရပါတယ်။ယခုမှာတော့ မြင်သူတိုင်း ကြည်နူးပီတိဖြစ်စရာကောင်းလောက်တဲ့ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ဖော်ပြလာခဲ့ပါတယ်။

Photo & Video Credit - Phyu Phyu Htwe
Photo & Video Credit - Phyu Phyu Htwe

ဒီဗီဒီယိုလေးထဲမှာတော့ ဝါရင့်ဟာသ သရုပ်ဆောင်တွေဖြစ်တဲ့ ငြိမ်းချမ်း ၊ ကောင်းစံ နဲ့ ဦးတိန်ညွန့် တိုကို့ ဆန်၊ ဆီ ၊ ဆေးဝါးတွေနဲ့ ကန်တော့ပြီး ထမင်းများကို ကျွေးမွေးနေကာ ဝမ်းသာပီတိဖြစ်စရာကောင်းလောင်တဲ့ အပြင် လိုအပ်နေတဲ့သူတွေကိုလည်း ဖြူဖြူထွေး ကတော့ အိမ်သုံးပစ္စည်းများကိုလည်း လှူဒါန်းပေးသွားခဲ့တာကို တွေ့ရပါတယ်။ တကယ့်ကို မွန်မြတ်တဲ့ ကုသိုလ်ကောင်းမှု လှူလေးတစ်ခုကိုပြုလုပ်ခဲ့တဲ့ အချစ်တော်လေး ဖြူဖြူထွေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်..။ ကဲ..ချစ်ပရိသတ်ကြီးရေ စိတ်စေတနာအပြည့်နဲ့ လှူဒါန်းခဲ့တဲ့ မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အလှူဗီဒီယိုလေးကို ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Phyu Phyu Htwe

Source - Phyu Phyu Htwe's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။