မင်းသားချောလေးလင်းအောင်ခတ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ အမိုက်စားနေထိုင်မှုပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ လင်းအောင်ခေတ်ကတော့ ယခုမှာ Covid ကာလအတွင်း နေချင်သလိုနေခဲ့ပြီး တစ်လအတွင်း အမိုက်စားခန္ဓာကိုယ်လေးကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

photo credit : Lin Aung Khit ' s facebook acc
photo credit : Lin Aung Khit ' s facebook acc

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ လင်းအောင်ခေတ်ကတော့ " ရက် ၃၀ body transformation Challenge Covid ကာလတွင်းမှာ ကျွန်တော် နေချင်သလိုနေ ၊ စားချင်သလိုစားခဲ့လို့ ပုံနည်းနည်းပျက်သလို ဖြစ်သွားတယ်..အဲ့ဒါနဲ့ ကျွန်တော် ဆရာ Nick ရယ် ၊ ထူးအောင်တို့နဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့တယ် " ဆိုပြီး အမိုက်စား bodyလေးကို ရရှိပိုင်ဆိုင်ထားတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Lin Aung Khit ' s facebook acc
photo credit : Lin Aung Khit ' s facebook acc

လင်းအောင်ခေတ်ကတော့ " ရက် ၂၀ တစ်လတွင်း ခန္ဓာကိုယ်ပြောင်းလဲအောင် ကျွန်တော် သူတို့ပြောပြပေးတဲ့ Nutrition plan , Supplyment plan , workout paln တေအတိုင်း အတိအကျလိုက်နာ ခဲ့တယ် တစ်လပြည့်တဲ့ ဒီနေ့မှာ ပုံထဲကအတိုင်း Result ထွက်ခဲ့ပါတယ် Star fitness club မှ trainer ဆရာတွေနဲ့ ဆရာNick ၊ထူးအောင်တို့ကို လည်း အထူးကျေးဇူးပါလို့ မဖြစ်နိူင်ဘူးဆိုတာ မရှိပါဘူး..ကြိုးစားဖို့ပဲလိုတာပါ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: Lin Aung Khit ' s facebook acc

photo credit : Lin Aung Khit ' s facebook acc
photo credit : Lin Aung Khit ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။