ပရိသတ်ကြီးရေ သရုပ်ဆောင် ကိုပေါက် ဟာ ဇာတ်ပို့တစ်ယောက်အနေနဲ့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ပြီး နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လတ်ရှိမှာတော့ ကိုပေါက် ရဲ့ စိတ်စေတနာ အပြည့်ဝနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အပြင် ကဗျာ ၊ ဇာတ်ညွန်း ရေးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတဲ့ ဆွယ်စုံရ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်.......။
ကိုပေါက် ဟာ မြန်မာ့ရုပ်ရှင်လောကကို တစ်ထောင့်တစ်နေရာကနေ တိုးတက်မှုပြောင်းလဲအောင် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်..။ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့် ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် ဟာသ Tiktok ဗီဒီယိုလေးတွေနဲ့ ကြည်နှုးစရာ မိသားဟုပုံရိပ်လေးတွေကို မျှဝေပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း ကိုပေါက် လူမှုကွန်ယက် စာမျက်နှာထက်မှာ ပိုစ့်တစ်ခု တင်ပေးလါတာပဲ ဖြစ်ပါတယ်.......။
ကိုပေါက်က ကိုယ်ပိုင်စိတ်ကူးဉာဏ်လေးနဲ့ ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားရအောင် ဖန်တီးထားတဲ့ ဗီဒီယို ဖိုင်လေးတစ်ခုကို တင်ပေးလါတာပါ။ မန္တလေး FMကို အနုပညာရှင်တွေအတွက် သီချင်းလေးတောင်းပေးရင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်ပါ ဆုတောင်းပေးတဲ့ သီချင်းလေးကို အခွီပုံစံလေးရိုက်ကူးထားတာ ဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရင်း တနေ့တာရဲ့ အမောတွေ ပြေပျောက်စေဖိုအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။
Source & Photo credit - Aung Min Naing's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။