လမ်းမလျှောက်နိုင်တဲ့ သတို့သမီးကို လက်ထပ်ဖို့ wheelchair ပေါ်ကနေ ပွေ့ချီတဲ့ သတို့သား

ဟန်နာ ပီတာဆန်ဟာ လက်မထပ်ခင် တစ်လအလိုကျမှ ကားတိုက်မှုဖြစ်ပြီး ဒဏ်ရာအမျောက်အမြား ရရှိခဲ့ပါတယ်။

တင်ပါးဆုံရိုး သုံးနေရာနဲ့ နံရိုးတစ်ချို့လည်းကျိုးခဲ့ပြီး အကြားအာရုံတောင် ခေတ္တပျောက်ဆုံးသွားခဲ့ရပါတယ်။

ဒါပင်မဲ့ သတို့သားကတော့

မင်္ဂလာပွဲကိုအပျက်မခံဘဲ စီစဉ်ထားတဲ့အတိုင်း August 25 မှာကျင်းပခဲ့ပါတယ်။ လမ်းမလျှောက်နိုင်သေးတဲ့အတွက် wheelchair နဲ့ မင်္ဂလာပွဲလာခဲ့ရပြီး ဘုန်းကြီးရှေ့မှောက်မှာ လက်ထပ်ဖို့ သတို့သားက ပွေ့ချီပေးခဲ့ပါတယ်။

ပွဲကို တိုရွန်တိုက Cranberry Greek Gardens မှာကျင်းပခဲ့ပါတယ်။ ဒီလို ကြည်နူးချမ်းမြေ့ဖွယ် မြင်ကွင်းလေးကို ဓာတ်ပုံဆရာ Sarah Powell က မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

သူမက ဒီလို မင်္ဂလာပွဲနေ့မှာ လမ်းမလျှောက်နို်င်ဘဲ wheelchair ပေါ်နေနနေရတာ တကယ်စိတ်ညစ်စရာပါဘဲ လို့ပြောခဲ့ပါတယ်။ ဒါပင်မဲ့လည်း လက်ထပ်ဖို့ ကျိန်ဆိုတဲ့အချိန်မှာတော့ နာကျင်မှုကြားက ရပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

ပြန်ကောင်းဖို့ဆို ၂လ ကျော်ကြာမြင့်ဦးမှာဖြစ်ပြီး ယခုအခါမှာတော့ သူမအိမ်ပတ်လည်မှာ ချိုင်းထောက်နဲ့ သွားလာနေနိုင်ပါပြီ။

သူမယောကျာ်း Stuart ကဘယ်လိုအနေအထားမှာဖြစ်ဖြစ် သူမကိုဘယ်တော့မှ မထားခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။ ကျွန်မကို အခုလိုမြင်နေရတာ သူဘယ်လိုမှ စိတ်ကောင်းမှာ မဟုတ်ပင်မဲ့ သူမားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။