ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေနဲ့ နည်းနည်းအလှမ်းဝေးကွာနေပြီး ကိုယ်ပိုင်မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာပါနော်။ပရိသတ်တွေကတော့ ယနေ့အချိန်ထိလည်း ချောရတနာကို အားပေးချစ်ခင်နေကြဆဲဖြစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို မျှော်လင့်နေကြတာပါ......။

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

အခုချိန်မှာဆိုရင်တော့ ချောရတနာက သားတစ်ယောက်၊သမီးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး မိသားစုကိုသာ လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ချောရတနာရဲ့ သားနဲ့သမီးကလည်း ချစ်မွှေးလေးတွေပါပြီး တွေ့မြင်တဲ့သူတိုင်းက ချစ်ကြတဲ့ ကလေးလေးတွေဖြစ်ပါတယ်နော်။ချောရတနာကတော့ ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်လို့ထင်ရက်စရာမရှိရလောက်အောင် နုငယ်ပျိုမျစ်နေတာဖြစ်ပါတယ်.......။ 

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

ယနေ့မှာလည်း ချစ်စရာကောင်းတဲ့ ဟန်ပန်လေးနဲ့ အသည်းယားစရာကောင်းလောက်အောင် တီးလုံးလေးရဲ့ စည်းချက်အတိုင်း ဟန်ချက်ညီညီကထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်။ အသည်းယားစရာကောင်းလွန်းနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက ်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ချောရတနာရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.......။

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

Photo credit - Chaw Yadanar's FB account

Source - Chaw Yadanar's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။