photo credit - Natus Vincere twitter

လက်ရှိ Natus Vincere cs:go Team မှာကစားနေတဲ့ Perfecto ရဲ့ နာမည်အရင်းကတော့ Ilya Zauktskiy ဖြစ်ပြီး သူဟာ Russia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1999 ခုနှစ် 11 လပိုင်း 24 ရက်နေ့ဖြစ်တာကြောင့် Perfecto ဟာ အခုဆိုရင် အသက် 20 ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Perfecto cs:go pro teams တွေမှာကစားခဲ့တာကတော့ 2017 ခုနှစ် 5 လပိုင်းလောက်ထဲကဖြစ်ပြီး Atlants Gaming မှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ Perfecto ဟာ 2017 ခုနှစ် 5 လပိုင်း ကနေ 2018 ခုနှစ် 8 လပိုင်းအထိကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2018 ခုနှစ် 10 လပိုင်းမှာတော့ Perfecto ဟာ Syman Gaming ကိုပြောင်းရွှေ့ကစားခဲ့ပြီး 2020 ခုနှစ် 1 လပိုင်း 24 ရက်နေ့မှာ ၎င်းအသင်းကထွက်ခွာကာ Natus Vincere ကိုပြောင်းရွှေ့လာခဲ့ပါတယ်။

Natus Vincere မှာတော့ Perfecto ဟာ သူအရင်ကကစားခဲ့တဲ့ rifler role ကိုပဲ ဆက်ကစားနေပြီး လက်ရှိအချိန်မှာ Navi အသင်းနဲ့အတူ world no.1 cs:go team ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ tournaments များကို ဝင်ပြိုင်လျက်ရှိပါတယ်။

Perfecto ရရှိထားတဲ့ ကစားသမားဘ၀ toatl winnings money ကတော့ $101,587 USD ရှိနေပြီပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။