အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ စိုးညီအစ်မတွေထဲမှာ အငယ်ဆုံးပဲဖြစ်ပြီး အစ်မတွေရဲ့ အချစ်တွေကိုလည်း အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။ ကြည်လင်ဝင်းပတဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း အားလုံးက ချစ်မဝ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။

Photo Crd- Soe Pyae Thazin’s Facebook Account
Photo Crd- Soe Pyae Thazin’s Facebook Account
Photo Crd- Soe Pyae Thazin’s Facebook Account

စိုးပြည့်ဟာ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး မိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သမီးအလိမ္မာလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

မနေ့ကလည်း ညီအစ်မ (၄) ယောက် စုပေါင်းဖွင့်လှစ်ထားတဲ့ " မင်းသမီး " ပိုးထည်ဆိုင်မှာ ညီအစ်မလေးယောက်အတူ ပျော်ပျော်ပါးပါး Live လွှင့်ကာ စျေးရောင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း စိုးပြည့်ရဲ့ Facebook story မှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Soe Pyae Thazin’s Facebook Account
Photo Crd- Soe Pyae Thazin’s Facebook Account
Photo Crd- Soe Pyae Thazin’s Facebook Account

ဒါကတော့ မမဒါဒါဆီက မုန့်လက်ကောက်ကြော်နည်းကို သေချာလေ့လာသင်ယူနေတဲ့ စိုးပြည့်သဇင်ရဲ့ ပုံရိပ်လးတွေပဲ ဖြစ်ပါတယ်။ ဒါဒါကလည်း ညီမဖြစ်သူကို စနစ်တကျ သင်ပေးနေတာဟာလည်း မြင်ရသူတိုင်းကို အချစ်ပိုစေမှာပါနော်။ ပရိသတ်တွေအတွက် ဒါဒါတို့ ညီအစ်မတွေရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Soe Pyae Thazin’s Facebook Account

Photo Crd- Soe Pyae Thazin’s Facebook Account
Photo Crd- Soe Pyae Thazin’s Facebook Account
Photo Crd- Soe Pyae Thazin’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။